Saturday, June 10, 2023
Homeမြန်မာသတင်းနိုင်ငံရေးေ႐ြွႊညဝါဆရာတော် ​ကျောင်း​တိုက်က​နေ ဖယ်​ပေး​မည်

ရွှေညဝါဆရာ​တော် ​ကျောင်း​တိုက်က​နေ ဖယ်​ပေး​မည်

ရွှေညဝါဆရာ​တော် ဦး​ပညာသီဟက သူသီတင်း​သုံး​နေတဲ့​ သာဓု​ကျောင်း​တိုက်က​နေ ဒီက​နေ့​ကစလို့​ တလအတွင်း​ ထွက်ခွာပါမယ်လို့​ ဝန်ခံကတိပြုလိုက်ပါတယ်။

ဇန်နဝါရီ ၁၉ ရက် မွန်း​လွဲပိုင်း​က ရန်ကုန်တိုင်း​ သံဃာ့​မဟာနာယက ရုံး​မှာ ပြုလုပ်ခဲ့​တဲ့​ ဆရာ​တော်အား​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ နိုင်ငံ​တော်သံဃာ့​မဟာနာယက အဖွဲ့​ဝင်ဆရာ​တော်ကြီး​များ​ ၊​သက်ဆိုင်ရာ တာဝန်ရှိသူများ​နဲ့​ ​တွေ့​ဆုံအပြီး​မှာ ဆရာ​တော်ရဲ့​ ဝန်ခံကတိပြုစာ ထွက်​ပေါ်လာခဲ့​တာ ဖြစ်ပါတယ်။

အဲ့​ဒီစာကို လက်ဝယ်ရရှိထား​တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ခုလိုဖတ်ပြပါတယ်။

“သာဓုအ​နောက်ရပ်ကွက်၊​ သာဓု​ကျောင်း​တိုက်​နေ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟအား​ ​ကျောင်း​တိုက်မှ ဖယ်ရှား​ရန် ညွှန်း​ကြား​မှုနဲ့​ စပ်လျဉ်း​၍ မြို့​နယ်၊​ ရပ်ကွက် သံဃာ့​နာယက အဖွဲ့​ဝင် ဆရာ​တော်များ​။ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟကိုပါ ပင့်​ဖိတ်၍ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ​၏ ​ရှေ့​မှောက်တွင် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့​ရာ ​အောက်​ဖော်ပြပါအတိုင်း​ ဝန်ခံကတိပြု လက်မှတ်​ရေး​ထိုး​ပါသည်တဲ့​။ ဝန်ခံကတိပြုချက်- (က) ၁၉ရက် ၁လ ၂၀၁၂ခုနှစ်မှစ၍ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟသည် ၁၉ရက် ၂လ ၂၀၁၂ခုနှစ် တနင်္ဂ​နွေ​နေ့​ ၁၆နာရီ ၃ဝမိနစ် အချိန် ​နောက်ဆုံး​ထား​ သာဓု​ကျောင်း​တိုက်မှ ထွက်ခွာ​ပေး​ပါမည်ဟု ဝန်ခံကတိပြုပါသည်။ (ခ) ​ကျောင်း​တိုက်မှ မထွက်ခွာမီ ကာလအတွင်း​ သာဓု​ကျောင်း​တိုက်၌ သီတင်း​သုံး​နေထိုင်သမျှ ကာလပတ်လုံး​ ပြသနာ တစုံတရာ မဖြစ်ပွား​စေရန်နဲ့​ သံဃာ့​အဖွဲ့​အစည်း​ စည်း​မျဉ်း​စည်း​ကမ်း​များ​နဲ့​ အညီ ငြိမ်း​ချမ်း​စွာ သီတင်း​သုံး​နေထိုင်၍ ထွက်ခွာသွား​မည် ဖြစ်​ကြောင်း​ ဝန်ခံကတိပြုပါသည်။ ဦး​ပညာသီဟ(​ရွှေညဝါ)” လို့​ ပါရှိပါသည်။

ဆရာ​တော်အား​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ တိုင်း​သံဃာ့​နာယကအဖွဲ့​ ဥက္ကဋ္ဌဆရာ​တော်နဲ့​ အကျိုး​တော်​ဆောင်အဖွဲ့​ဝင် ဆရာ​တော် စုစု​ပေါင်း​ သံဃာ​တော် ၁၀ ပါး​က အစည်း​အ​ဝေး​ပြုလုပ်ပြီး​ ဆုံး​ဖြတ်ခဲ့​တာဖြစ်ပါတယ်။ အစည်း​အ​ဝေး​ကို ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က လူမှု​ရေး​ဝန်ကြီး​နဲ့​ တိုင်း​သာသနာ​ရေး​မှူး​တို့​ တက်​ရောက်ခဲ့​ကြတယ်လို့​လည်း​ သိရပါတယ်။

ဆရာ​တော်ကိစ္စ ​တွေ့​ဆုံခဲ့​ကြတဲ့​ ရန်ကုန်တိုင်း​၊​ သံဃာ့​မဟာနယက ရုံး​ရှေ့​မှာ မွန်း​လွဲ တနာရီမတိုင်မီ အ​စောပိုင်း​ကတည်း​က အရှင်ဂမ္ဘီရ အပါအဝင် အကျဉ်း​ထောင်အသီး​သီး​က လွတ်​မြောက်လာခဲ့​ကြတဲ့​ ဆရာ​တော်​တွေနဲ့​ တပည့်​ ရဟန်း​သံဃာ​တွေ ဒါယကာ​တွေ၊​ သတင်း​ထောက်​တွေ စုစု​ပေါင်း​ လူအင်အား​ ၅ဝဝ​လောက် စု​ဝေး​ရောက်ရှိခဲ့​ကြပြီး​ လုံခြုံ​ရေး​လည်း​ အထူး​ပဲ တင်း​တင်း​ကျပ်ကျပ် ချထား​ခဲ့​ပါတယ်။

ဆရာ​တော်ရဲ့​ ဝန်ခံကတိပြုစာ ထွက်​ပေါ်လာပြီး​တဲ့​နောက် ဆရာ​တော်ဟာ သီတင်း​သုံး​တဲ့​ သာဓု​ကျောင်း​တိုက်ကို မွန်း​လွဲ ၃ နာရီ​လောက်မှာ ပြန်လည် ​ရောက်ရှိ​နေပြီး​ စု​ဝေး​ခဲ့​ကြတဲ့​ ပရိသတ်​တွေလည်း​ ​အေး​အေး​ချမ်း​ချမ်း​ရှိတဲ့​အ​ကြောင်း​ ဆရာ​တော်နဲ့​ အတူရှိ​နေသူ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

ဆရာ​တော်ဟာ မွန်း​လွဲ ၃ နာရီခွဲ​လောက်မှာ သာဓု​ကျောင်း​တိုက်ထဲ စု​ဝေး​ရောက်ရှိ​နေကြတဲ့​ တပည့်​သံဃာ ဒါယကာ ၅၀၀ ​လောက်ကို ဩဝါဒစကား​ မြွက်ကြား​ခဲ့​ပါတယ်။ အဲ့​ဒီမှာ ဝန်ခံကတိ လက်မှတ်ထိုး​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အချက်တခုကို ဆရာ​တော်က ခုလို မိန့်​ကြား​ခဲ့​ပါတယ်။

“ဘုန်း​ကြီး​အ​နေနဲ့​ ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​တဲ့​ ဒီနည်း​လမ်း​အ​ပေါ်မှာ သတ္တိမရှိဘူး​လို့​ မထင်မြင် မယူဆ​စေချင်ပါဘူး​။ ဘုန်း​ကြီး​က သတ္တိရှိတယ်လို့​ ကိုယ့်​ကို ကိုယ်ယုံကြည်ပါတယ်။ ဒါသတ္တိနဲ့​ မဆိုင်ပါဘူး​။ တိုင်း​ပြည်နဲ့​ တို့​လူမျိုး​တွေ ဒီမိုက​ရေစီအရသာ​တွေနဲ့​ ​တွေ့​ခါနီး​ဆဲဆဲ အချိန်မှာ ​ဝေး​ကွာသွား​မှာ သိပ်စိုး​ရိမ်တယ်။ ဘုန်း​ကြီး​ကြောင့်​ အပြစ်လည်း​ မဖြစ်​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ပဋိပက္ခပြဿနာ​တွေ မကြီး​ထွား​ ​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ဆူပူအုံကြွမှု​တွေ မဖြစ်​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ဆူပူအုံကြွမှု​တွေ လှုပ်ရှား​မှု​တွေ ဖြစ်သွား​ရင် သံသရာ တပတ် ​နောက်လှည့်​သွား​ရင် တို့​တိုင်း​ပြည် တို့​လူမျိုး​တွေ နစ်နာသွား​မှာ စိုး​ရိမ်လို့​ အ​ကောင်း​ဆုံး​ အငြိမ်း​ချမ်း​ဆုံး​ကို ​ရွေး​ချယ်ပြီး​တော့​ ဘုန်း​ကြီး​ ကိုယ်တိုင် ဝန်ခံလက်မှတ်ကို ထိုး​ခဲ့​တာပါ။”

ပြီး​ ခဲ့​တဲ့​နှစ် စက်တင်ဘာလအတွင်း​ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချူပ်မှာ ဩဝါဒစကား​ ချီး​မြှင့်​ခဲ့​တဲ့​အ​ပေါ် တရား​မ​ဟောဖို့​ တနှစ် ပိတ်ပင်ထား​ချက်ကို ချိုး​ဖောက်တယ်ဆိုပြီး​ ခုလို အ​ရေး​ယူ ​ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

ရွှေညဝါဆရာ​တော်ဟာ ကြည့်​မြင်တိုင်မြို့​နယ်အတွင်း​ရှိ သာဓုပရိယတ္တိ စာသင်တိုက်ထဲမှာ ၂၀၀၄ခုနှစ်က စလို့​၊​ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်​ထောင်ဖွင့်​လှစ်ပြီး​ ဗုဒ္ဓစာ​ပေ​တွေကို ​ခေတ်နဲ့​အညီ သင်ကြား​ ပို့​ချ​ပေး​နေတဲ့​ ဆရာ​တော်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ​ကျောင်း​တိုက်အတွင်း​ စာသင်သား​သံဃာ​တော်​တွေ အပါအဝင် သံဃာ​တော်အပါး​ ၅၀၀ ​လောက် သီတင်း​သုံး​ ​နေထိုင်လျက်ရှိပါတယ်။

ရွှေညဝါဆရာ ​တော်ဟာ ဒီ​နေ့​မွန်း​လွဲ ၃ နာရီခွဲ​လောက်က သာဓု​ကျောင်း​တိုက်အတွင်း​ တပည့်​သံဃာ၊​ ဒကာ ဒကာမ ၅၀၀ ​လောက်ကို ဩဝါဒစကား​ပြောကြား​ခဲ့​ပါတယ်။ အောက်ပါအသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။


RELATED ARTICLES
- Advertisment -
Google search engine

Most Popular