နှစ်သစ်ကူး ပရိတ်တရားနာ အခမ်းအနား သမ္မတအိမ်တော်တွင် ပြုလုပ် (ရုပ်သံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 17, 2017
၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ခဲ့ပြီးတော့ သံဃာတော် အရှင်သူမြတ်များရဲ့ ပရိတ်တရားတော်ကို နာယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနဲ့ ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။