A d v e r t i s e m e n t With Us

သက်ကြီးရွယ်အိုတဦးအား သတ်၊ ဖေ့စ်ဘွတ်ခ် live တင်ခဲ့သူကို အဖမ်းခံရရန် ရဲပြော (ရုပ်သံ)

ဧပြီ ၁၆ ရက်နေ့က သက်ကြီးရွယ်အိုတဦးကိုသတ်တဲ့ ဗွီဒီယို facebook မှာ live တင်ခဲ့တဲ့ တရားခံအား လာရောက်အဖမ်းခံဖို့ ကလီဗ်လန်း (Cleveland) ရဲတွေက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံ အိုဟိုင်းယိုး (Ohio)  ပြည်နယ်၊ ကလိဗ်လန်းမြို့က (Cleveland)  ရဲတွေဟာ live video တင်ခဲ့တဲ့  စတိဗ် စတက်ဖန် (Steve Stephens) ကိုရှာဖွေနေကြပါတယ်။ ဗွီဒီယိုမှာ တရားခံက လူတွေ ၁ ဒါဇင်လောက်သတ်ခဲ့တယ်လို့ ပြောပေမယ့် ရဲတွေက တခြားအသတ်ခံရသူတွေကို မသိသေးဘူးလို့ ပြောပါတယ်။ တရားခံဟာ ဖို့ဒ် ဖူရှင် ကားကို လက်ရှိစီးနေတာ ဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားတာကြောင့် အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ရဲတွေက သတိပေးချက်ထုတ်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up