A d v e r t i s e m e n t With Us

ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီကို အမည်​ပြောင်း​မည်

စီအာပီပီအဖွဲ့​ဝင်များ​
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါအဝင် ၁၉၉၀ ပြည့်​ ​ရွေး​ကောက်ပွဲနိုင်တဲ့​ တိုင်း​ရင်း​သား​ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ စုဖွဲ့​ထား​တဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) ကို အမည်​ပြောင်း​လဲဖို့​ရှိပြီး​ မကြာခင် အစည်း​အ​ဝေး​ခေါ်ယူပြီး​ ဆုံး​ဖြတ်သွား​မယ်လို့​ ​ကော်မတီက ​ပြောပါတယ်။ [caption id="attachment_20156" align="alignright" width="226" caption="စီအာပီပီအဖွဲ့ဝင်များ"][/caption] စီအာပီပီ အတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က “မဖျက်​သေး​ပါဘူး​။ ကျ​နော်တို့​ ဒီအဖွဲ့​ကို ဆက်ထား​မယ်။ အမည်ကို ​ပြောင်း​မယ်​ပေါ့​ဗျာ။ ရည်ရွယ်ချက်​တွေကိုလည်း​ ​ပြောင်း​ဖို့​ ကျ​နော်တို့​ သ​ဘောထား​တွေ​တော့​ ရှိပါတယ်။ ဒါ​ပေမယ့်​ ဒါကို တရား​ဝင် မဆုံး​ဖြတ်ရ​သေး​ပါဘူး​။ ကျ​နော်တို့​ အစည်း​အ​ဝေး​ခေါ်ပြီး​တော့​မှပဲ ဆုံး​ဖြတ်မှာပါ။” စီအာပီပီအဖွဲ့​မှာပါရှိတဲ့​ ပါတီ​တွေအနက် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပါတီမှတ်ပုံတင်ပြီး​ဖြစ်သလို ဇိုမီး​အမျိုး​သား​ကွန်ဂရက်နဲ့​ ရခိုင်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်တို့​က ပါတီမှတ်ပုံပြန်တင်မယ်လို့​ ဆုံး​ဖြတ်ထား​ကြပါတယ်။ မကြာခင်ကာလမှာ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​နဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​တို့​ကလည်း​ ပါတီ​ခေါင်း​ဆောင်​တွေ အစည်း​အ​ဝေး​ထိုင်ပြီး​ မှတ်ပုံတင်​ရေး​ မတင်​ရေး​ကိစ္စ ဆုံး​ဖြတ်ကြဖို့​ ရှိ​နေပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် သဘာပတိအဖွဲ့​နာယက ဦး​တင်ဦး​က လာမယ့်​လပိုင်း​အကြာမှာ စီအာပီပီအစည်း​အ​ဝေး​ခေါ်ယူပြီး​ ဆုံး​ဖြတ်မယ်လို့​ ​ပြောပါတယ်။ “စီအာပီပီရဲ့​ သ​ဘော ပုံသဏ္ဌာန်က ဘယ်လိုဖြစ်သွား​မလဲ ဆို​တော့​ ဒါ​ဆွေး​နွေး​ရမှာပဲ။ အဲ့​ဒါက​တော့​ တိုင်း​ရင်း​သား​များ​နဲ့​ ပတ်သက်ပြီး​တော့​ တိုင်း​ရင်း​သား​များ​ရဲ့​ ဒီမိုက​ရေစီ​ရေး​၊​ လူ့​အခွင့်​အ​ရေး​ရဖို့​အတွက် ​ဆောင်ရွက်ရမယ့်​ ​ရေး​ရာ​ကော်မတီပုံစံ​ပေါ့​။ ပြင်ပမှာ မပါဝင်နိုင်​သေး​တဲ့​ မရှိ​သေး​တဲ့​ အဖွဲ့​အစည်း​တွေထဲက ပုဂ္ဂိုလ်​တွေနဲ့​ ကျ​နော်တို့​ ​ဆောင်ရွက်ကြမယ်​ပေါ့​လေ။ အခု ကျ​နော်တို့​ စီအာပီပီက အမည်သာမတပ်​သော်လည်း​ လွှတ်​တော်တရပ်ရဲ့​ လုပ်ရမယ့်​ ကိစ္စနဲ့​ ပတ်သက်တဲ့​ လုပ်ရမယ့်​ အလုပ်​တွေ အား​လုံး​က​တော့​ လွှတ်​တော်ကို ကူညီတာ ပြည်သူလူထုဘက်က လွှတ်​တော်တွင်း​ လုပ်စရာရှိတာ​တွေကို အမည်တမျိုး​နဲ့​ အဖွဲ့​အစည်း​တမျိုး​တော့​ ပြန်ပြီး​တော့​ လုပ်ကိုင်သွား​ရမယ့်​ ပုံ​တော့​ ​ပေါက်မယ်။ အဲ့​ဒါ​တွေက​တော့​ ပြန်လည်ပြီး​ စဉ်း​စား​ဆွေး​နွေး​ရမယ်​လေ။” စီအာပီပီအဖွဲ့​ကို ပြည်သူ့​လွှတ်​တော်တရပ် မ​ပေါ်​ပေါက်မချင်း​ ပြည်သူ့​လွှတ်​တော်ရဲ့​ လုပ်ငန်း​ဆောင်တာ​တွေကို လုပ်ကိုင်ဖို့​ ၁၉၉၈ ခုနှစ်မှာ ဖွဲ့​စည်း​ခဲ့​တာပါ။

A d v e r t i s e m e n t With Us

More News
Up