အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ပွဲ မန်ယူက ၂ ဂိုး ဂိုးမရှိဖြင့် ချဲလ်ဆီးကို အနိုင်ရ (ရုပ်သံ)
Published By
DVB | 17 April, 2017
1.4K
0
Share
0
Comment
0
Likes
မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီး ၂ သင်းတွေ့ဆုံကြတဲ့ပွဲမှာ မန်ယူက ချဲလ်ဆီးကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပြိုင်ဘက် အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲမှာ မန်ယူအိမ်ကွင်းဖြစ်ပေမယ့် ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပါတယ်။
မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ၇ မိနစ်မှာ လူငယ်တိုက်စစ်မှူး ရပ်စ်ဖို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ကွင်းလယ်ကစားသမား အန်ဒါ ဟာရဲယားက ၄၉ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ ဒီပွဲအရှုံးကြောင့် ၃၂ ပွဲကစား ရမှတ် ၇၅ မှတ်ရရှိနေပြီး ဒုတိယနေရာက စပါးစ်အသင်းနဲ့ ၄ မှတ်သာ ကွာဟကာ ချန်ပီယံဖြစ်ရေး အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
မန်ယူအသင်းကတော့ ဒီပွဲအနိုင်ကြောင့် ၃၁ ပွဲကစား ရမှတ် ၆၀ နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မသေချာသေးပါဘူး။