DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း အနီရောင်အဆင့်သတ်မှတ်၊ စစ်တွေနှင့်သံတွဲကို ယနေ့ည၀င်မည်
DVB
·
April 16, 2017
ဆိုင်ကလုန်းမုန်တိုင်း အနီရောင်အဆင့်သတ်မှတ်၊ စစ်တွေနှင့်သံတွဲကို ယနေ့ည၀င်မည်
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း “မာရသာ”ဟာ ဒီနေ့ည ၈ နာရီနဲ့ ၁၂ နာရီကြားမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ သံတွဲမြို့ကြားကနေ ဖြတ်ကျော် ၀င်ရောက်မှာဖြစ်လို့ အနီရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ခန့်မှန်းထားတာတော့ ဒီည ၈ နာရီခွဲနဲ့ ၁၂ နာရီကြား ၀င်မယ်။ သူ သွားနေတဲ့ အနေအထားအရတော့ စစ်တွေနဲ့ သံတွဲကြား ကျောက်ဖြူတို့ဘာတို့ဘက်နားကနေပြီး ၀င်သွားမယ့် အနေအထား ရှိပါတယ်။ ကုန်းတွင်ဘက်ကျရင်လည်း သူက နည်းနည်း ဆက်သွားမယ့် အနေအထား ရှိတယ်။ ကုန်းတွင်းမုန်တိုင်းငယ်အနေနဲ့လောက်ပဲ သွားမယ်။ သွားတဲ့အချိန်ရောက်ရင် မကွေးတိုင်းတို့၊ မန္တလေးတိုင်းတို့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်နိုင်တယ်။”
ဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေမြို့နဲ့ သံတွဲမြို့ကြားက  ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ ကနေ  မိုင် ၆၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ကို ကုန်းတွင်းမုန်တိုင်း ၀င်ရောက်တဲ့အခါ တောင်ကျချောင်းရေ ရုတ်တရက် ထိုးစီးဆင်းခြင်းနဲ့ ရုတ်တရက် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်တတ်လို့ သတိပြူနေထိုင်ကြဖို့လည်း မိုးဇလက သတိပေးထားပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲ ၁နာရီအချိန်ထုတ်ပြန်ချက်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်းရဲ့  အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိပြုကြပါ။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးနား နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါ။

ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိ ပြုကြပါလို့ နှိုးဆော် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013