A d v e r t i s e m e n t With Us

အင်းတော်တွင် ဆိုင်ကယ်တိမ်းမှောက် ၁ ဦးသေ၊ ၁ ဦးဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ စီးမော်ကျေးရွာအုပ်စုတောင်ဘက် စီပိန်းကျေးရွာထိပ်ရွှေဘိုမြစ်ကြီးနား ဗျူဟာကားလမ်း မိုင်တိုင်အမှတ်-၁၅၉/၆ မှာ ဧပြီ ၁၅ ရက် ညနေ ၃ နာရီလောက်က ဆိုင်ကယ်တစီး အရှိန်လွန် တိမ်းမှောက်လို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းထန် ရခဲ့ပါတယ်။ လမ်းဘေးထိုးကျ သစ်ပင်နဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်တဲ့ မြင့်သန်းဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး နောက်မှ လိုက်ပါစီးနင်းသူ စိုင်းမောင်ကတော့ အပြင်းထန် ဒဏ်ရာရရှိပြီး အခြေနေ စိုးရိမ်ရတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲဒုတပ်ကြပ် နေဝင်းထွန်းက ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတို့အား ဆေးစာရေးသားပြီး မော်လူးတိုက်နယ်ဆေးရုံ ပို့ဆောင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်တိမ်းမှောက် လူသေဆုံး ဒဏ်ရာရခဲ့မှုနဲ့ ပတ်သက်ပြီူး မော်လူးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄(က) အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။ ခင်ဆွေ(မော်လူး)

A d v e r t i s e m e n t With Us

More News
Up