A d v e r t i s e m e n t With Us

အစိုး​ရနှင့်​ ​ကေအိုင်အို ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး

ကချင်လွတ်လပ်​ရေး​အဖွဲ့​ရဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​တို့​ဟာ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ဒီ​နေ့​ စတင်​ဆွေး​နွေး​ကြတယ်လို့​ အစည်း​အ​ဝေး​ကို ​ရောက်​နေသူတဦး​က ​ပြောပါတယ်။ နှစ်ဖက်ကိုယ်စား​လှယ်​တွေဟာ စစ်​ရေး​ နိုင်ငံ​ရေး​ ကိစ္စနှစ်ခုစလုံး​ကို ​ဆွေး​နွေး​ခဲ့​ကြပြီး​ အကြမ်း​ဖျဉ်း​အား​ဖြင့်​ အချက် ၅ ချက်အ​ပေါ်မှာ အဓိကထား​ ​ဆွေး​နွေး​ပြီး​ နှစ်ဖက် ထုတ်ပြန်ခြင်း​ မပြု​သေး​ဘူး​လို့​ ဆိုပါတယ်။ ဆွေး​နွေး​ပွဲဟာ ဒီက​နေ့​ မပြီး​ပြတ်​သေး​လို့​ ​နောက်ရက်​တွေ ဆက်လက် ​ဆွေး​နွေး​ဦး​မယ်လို့​ ဆိုပါတယ်။ ဒီ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်လို့​ ​ကေအိုင်အိုဘက်က မ​နေ့​က ပြည်သူထံ ကြိုတင်အသိ​ပေး​စာ ထုတ်ပြန်ခဲ့​ပါတယ်။ အဲဒီစာမှာ ကချင်တိုင်း​ရင်း​သား​တွေ လိုလား​တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ ပင်လုံမှာ သ​ဘောတူခဲ့​တဲ့​ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ့်​ကြမ္မာ ကိုယ်ပြဋ္ဌာန်း​ခွင့်​ရဖို့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေ လိုလား​တယ်ဆိုတာကို ​ဖော်ပြခဲ့​ပါတယ်။ အဲဒီ့​ အနှစ်သာရနဲ့​ တူညီတဲ့​ ​ကေအိုင်အိုက နိုင်ငံ​ရေး​ဆွေး​နွေး​လိုတဲ့​ ကိစ္စကို ​ကေအိုင်အိုက ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်​သောင်း​ဆီ ဒီက​နေ့​မှာပဲ ​ပေး​ပို့​ခဲ့​ပါတယ်။ ကေအိုင်အိုဟာ အရင် စစ်အစိုး​ရ လက်ထက်က အပစ်ရပ်ခဲ့​ပေမယ့်​ မနှစ်က ဇူလိုင်ကစလို့​ နယ်ခြား​စောင့်​တပ်မ​ပြောင်း​ဖို့​ ငြင်း​ဆန်ခဲ့​ရာက တိုက်ပွဲ​တွေ အကြီး​အကျယ်ဖြစ်ပြီး​ ဒုက္ခသည် ၆၀၀၀၀ ​လောက် တိုး​လာခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​လ ၁၈ ရက်​နေ့​က အစိုး​ရရဲ့​ အ​ကြောင်း​ပြန်စာမှာ ​ကေအိုင်အို လိုလား​တောင်း​ဆိုတဲ့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​မှု လုပ်မယ်လို့​ပါရှိပြီး​ အခု ​ဆွေး​နွေး​ပွဲ ဖြစ်​ပေါ်ခဲ့​တာပါ။ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ် အဖွဲ့​မှာ ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်ကြည်၊​ ဦး​အုန်း​မြင့်​၊​ ဗိုလ်မှူး​ကြီး​သန်း​အောင်၊​ ဦး​ခင်ထိန်နန်၊​ ဗိုလ်မှူး​ကြီး​မြင့်​ဆွေ (မပခ တိုင်း​)၊​ ဗိုလ်ချုပ်​ဇော်ဝင်း​၊​ ဦး​ထွန်း​သိန်း​နဲ့​ ဦး​ထွန်း​ထွန်း​ စသူတို့​ ပါဝင်တယ်လို့​ အစည်း​အ​ဝေး​ရောက်​နေသူ တဦး​က ​ပြောပါတယ်၊ ကေအိုင်အိုဘက်က ဦး​လဖိုင်လ၊​ ဦး​ဇော်လွမ်း​ဂမ်၊​ ဦး​လဇိန်ဂျီး​နောင်၊​ ဦး​လဖိုင်​ကျော်၊​ ဗိုလ်မှူး​ကြီး​ဇော်​တောင်နဲ့​ ဦး​မရာ ​နော်ထွဲတို့​ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up