A d v e r t i s e m e n t With Us

မိတ္ထီလာတွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် မိတ္ထီလာမြင်းခြံ လမ်းမိုင်တိုင်၂၀/၃ နှင့် ၄ ကြား ဧပြီ ၁၄ ရက် မနက် ၁၁ နာရီလောက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး တဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ မလှိုင်ဘက်က လွင်မိုးအောင် မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ မိတ္ထီလာဘက်က အောင်ကျော်ကျော် မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မျက်ချင်းဆိုင်တိုက်မိပြီး  အောင်ကျော်ကျော် ဒဏ်ရာရပြီး လွင်မိုးအောင်သေဆုံးသွားတယ်လို့ မလှိုင်မြို့ မရဲစခန်းကပြောပါတယ်။ မလှိုင်မြို့မရဲစခန်း ဒုရဲအုပ်နေဝင်းမြင့် က “လွင်မိုးအောင် ဦးခေါင်းညာဘက်ဖူးရောင်တယ်။ ရင်ဘတ်နာတယ်။ ဘယ်ဘက်ဒူးပေါက်ပြဲတယ်။ မလှိုင်ဆေးရုံမှာ သေဆုံးသွားတယ်။ အောင်ကျော်ကျော်က ညာဘက်ပါးဖူးရောင်တယ်။ ဘယ်ဘက်ဒူးနဲ့ ခြေသလုံးဒဏ်ရာရတယ်။ မလှိုင်ဆေးရုံမှာဆေးကုသနေတယ်” လို့ ပြောပါတယ်။ မလှိုင်မြို့မရဲစခန်းက လွင်မိုးအောင်နဲ့ အောင်ကျော်ကျော်တို့ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။ မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up