A d v e r t i s e m e n t With Us

မြောက်ကိုးရီးယားခေါင်းဆောင် ကင်အီဆွန်း၏ ၁၀၅ နှစ်မြောက် မွေးနေ့အခမ်းအနား (ရုပ်သံ)

ဧပြီလ ၁၄ ရက်နေ့က မြောက်ကိုးရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်အီဆွန်းရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့အခမ်းအနားကျင်းပခဲ့ပြီး လက်ရှိ သမ္မတ ကင်ဂျုံအွန်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ကင်အီဆွန်းဟာ သမ္မတကင်ဂျုံအွန်းရဲ့ အဘိုးဖြစ်ပြီး သူ့ကို မြောက်ကိုးရီးယားနိုင်ငံကို ထူထောင်သူ နိုင်ငံ့ဖခင်ကြီးအဖြစ် သတ်မှတ်ထားပါတယ်။ မြောက်ကိုးရီးယားဟာ ၂၀၁၂ ခုနှစ်က စမ်းသပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ နျူးကလီးယားဒုံးလက်နက် နည်းပညာသစ်တွေကို ပြီးခဲ့တဲ့နှစ်ကနေ အခုနှစ်ဆန်းပိုင်းအထိ  ပြန်လည်စမ်းသပ်ခဲ့ပြီး တာလတ်နဲ့ တာဝေးပစ်ဒုံးကျည် ၅ စင်းကို ပစ်လွှတ်ခဲ့ပြီးပါပြီ။ ဒီ့အတွက် အမေရိကန်လေယာဉ်တင် စစ်သင်္ဘောတွေကို သမ္မတထရမ့်က ကိုးရီးယားကျွန်းဆွယ်ဆီ ပြီးခဲ့တဲ့သီတင်းပတ်က စေလွှတ်ခဲ့ပါ တယ်။ မြောက်ကိုးရီးယားဘက်ကလည်း အမေရိကန်ကို အံတုတဲ့အနေနဲ့ ၆ ကြိမ်မြောက် ဒုံးလက်နက်စမ်းသပ်မှု ထပ်လုပ်ပြီး နှစ်ဘက်စစ်ရေး တင်းမာလာမှာကို အများက စိုးရိမ်ပူပန် နေကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up