DVB Logo
Home
မြန်မာသတင်း
ဇေယျာ​သော် ကြား​ဖြတ်​ရွေး​ကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စား​ပြု ဝင်ပြိုင်မည်
DVB
·
January 18, 2012
ဇေယျာ​သော် ကြား​ဖြတ်​ရွေး​ကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စား​ပြု ဝင်ပြိုင်မည်
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အဆို​တော်​ဇေယျာ​သော်က ​နေပြည်​တော် ပုဗ္ဗသီရိ နယ်​မြေမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြု ဝင်​ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​နေပြည်​တော်မဲဆန္ဒနယ် ၄ ခုမှာ ဝင်​ရောက် ယှဉ်ပြိုင်ကြမယ့်​ ကိုယ်စား​လှယ်​လောင်း​ စာရင်း​ကို ဒီ​နေ့​ ထုတ်ပြန်လိုက်ရာမှာ အကျဉ်း​ထောင်​တွေက မကြာခင်ကမှ လွတ်​မြောက်လာကြသူ​တွေဖြစ်တဲ့​ ဟစ်​ဟော့​အဆို​တော် ​ဇေယျာ​သော်နဲ့​ မစန္ဒာမင်း​ (​ခေါ်) ရွှီး​တို့​ ပါဝင်လာကြပါတယ်။

မစန္ဒာမင်း​က ဇဗ္ဗူသီရိ၊​ ​ဇေယျာ​သော်က ပုဗ္ဗသီရိ စတဲ့​ မြို့​နယ်​တွေမှာ ဝင်​ရောက် ​ရွေး​ကောက်ခံကြမှာ ဖြစ်ပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က​တော့​ ​နေပြည်​တော်ရှိ မြို့​နယ်အား​လုံး​မှာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ကိုယ်စား​လှယ်​တွေပဲ နိုင်ခဲ့​တာဖြစ်ပြီး​ စစ်အစိုး​ရလက်ထက်က ထိပ်ပိုင်း​ ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ဦး​သိန်း​စိန်၊​ ဦး​ရွှေမန်း​တို့​လို ပုဂ္ဂိုလ်​တွေ ဝင်ပြိုင်ခဲ့​တာပါ။

နေပြည်​တော်မှာ ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ အဖွဲ့​ချုပ် ကိုယ်စား​လှယ်​လောင်း​တွေဟာ အာဏာရ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ အဓိက ယှဉ်ပြိုင်ကြရမှာ ဖြစ်လို့​ အခုလို လူငယ်​တွေနဲ့​ ဝင်​ရောက် အ​ရွေး​ခံမယ့်​အ​ပေါ် အဖွဲ့​ချုပ်​ပြောခွင့်​ရ ဦး​အုန်း​ကြိုင်က အခုလို​ပြောပါတယ်။

“ကျန်တဲ့​ နယ်​တွေမှာလည်း​ အာဏာရပါတီ​တွေက တပြည်လုံး​ သူတို့​ ဝင်ပြိုင်မှာပဲ။ ၄၈ ​နေရာစလုံး​ ဝင်ပြိုင်မှာပဲ။ အဲ့​တော့​ ဘယ်​နေရာမဆို ရင်ဆိုင်ရမှာ တူတူပါပဲ။ ​နေပြည်​တော်မှာပဲ ​ရွေး​ပြီး​တော့​ အခုလို ပြိုင်တာ​တော့​ မဟုတ်ပါဘူး​။ ဒါ​ပေမယ့်​ အခုလို အစီအစဉ်သစ်နဲ့​ ဝင်ပြီး​ ယှဉ်ပြိုင်တာက ပိုပြီး​ နိုင်​ခြေရှိမယ်လို့​ တွက်လို့​ ကျ​နော်တို့​ လုပ်တာပါ။”

နေပြည်​တော်၊​ ပုဗ္ဗသီရိနယ်​မြေက ဝင်ပြိုင်မယ့်​ ကို​ဇေယျာ​သော်ကို ဆက်သွယ်​မေး​ကြည့်​တော့​ အဲ့​ဒီနယ်​မြေမှာ ဝင်​ရောက် ယှဉ်ပြိုင်ကြမယ့်​ ပါတီဘယ်နှခုရှိလဲဆိုတာနဲ့​ ကြံ့​ခိုင်​ရေး​ပါတီက ဘယ်သူဘယ်ဝါ ဝင်ပြိုင်မယ်ဆိုတာ မသိ​သေး​ဘူး​လို့​ ​ပြောပါတယ်။

ဝင်ပြိုင်မယ့်​ နယ်​မြေကပြည်သူ​တွေ ယုံကြည် ​ရွေး​ချယ်ချင်​အောင် ဘယ်လိုလုပ်သွား​မလဲဆိုတာနဲ့​ပတ်သက်လို့​ သူက ခုလို​ပြောပါတယ်။

“အစပထမမှာ မိမိရဲ့​ ဆန္ဒ​တွေ မိမိရဲ့​ သ​ဘောထား​တွေကို ထုတ်​ဖော်တဲ့​ နိုင်ငံ​ရေး​အရ တက်ကြွလှုပ်ရှား​သူအ​နေနဲ့​ ရပ်တည်ခဲ့​တာပါ။ အဲ့​ဒီက​နေမှ အခုအချိန်မှာဆို နိုင်ငံ​ရေး​သမား​တ​ယောက်အဖြစ် ရပ်တည်ဖို့​ စပြီး​တော့​ ​ခြေလှမ်း​ လှမ်း​တာပါ။ စပြီး​တော့​ ကြိုး​စား​တာပါ။ လိုအပ်​နေတဲ့​ လိုအပ်ချက်​တွေက​တော့​ အများ​ကြီး​ ရှိမှာပါပဲ။ ဒါ​တွေကိုလည်း​ ကျ​နော့်​အ​နေနဲ့​ တဖြည်း​ဖြည်း​ ​လေ့​လာသင်ယူသွား​ရမှာပါ။ ကျ​နော့်​အ​နေနဲ့​ ​ပြောနိုင်တာက​တော့​ ကျ​နော်ဟာ လူငယ်တ​ယောက်ဖြစ်တဲ့​ အတွက်​ကြောင့်​မို့​ လူငယ်တ​ယောက်ရဲ့​ လတ်ဆတ်တဲ့​ ဆန်း​သစ်တဲ့​ အ​တွေး​အ​ခေါ်​တွေနဲ့​တော့​ အ​ကောင်း​ဆုံး​ဖြစ်​အောင် ကြိုး​စား​သွား​ပါမယ်လို့​ ​ပြောကြား​ပါရ​စေ ခင်ဗျ။”

အဖွဲ့​ချုပ်ကိုယ်စား​ပြု ဝင်​ရောက်ယှဉ်ပြိုင်ကြမယ့်​ ကိုယ်စား​လှယ်​လောင်း​ စာရင်း​တွေကို ဇန်နဝါရီ ၁၂ရက် ကစပြီး​ ထုတ်ပြန် ​ကြေညာခဲ့​ရာ ဒီ​နေ့​မှာ ၄၈ ​နေရာ စလုံး​အတွက် ထုတ်ပြန်​ကြေညာခဲ့​ပြီး​ ဖြစ်ပါတယ်။

မြောင်း​မြအကျဉ်း​ထောင်က လွတ်​မြောက်လာခဲ့​သော မစန္ဒာမင်း​က ​နေပြည်​တော် ဇဗ္ဗူသီရိမြို့​နယ်၊​ မန္တ​လေး​ အိုး​ဘိုအကျဉ်း​ထောင်မှ ပြန်လည် လွတ်​မြောက်လာသူ မိုး​ကုတ်မြို့​က ကိုမင်း​သူက ဥတ္တရသီရိမြို့​နယ်၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​ ကိုနိုင်ငံလင်း​က ဒက္ခိဏသီရိ မြို့​နယ်​တွေမှာ အန်အယ်လ်ဒီ ပါတီ ကိုယ်စား​ပြု ဝင်​ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013