A d v e r t i s e m e n t With Us

လယ်သမား​များ​ထံမှ အာဏာပိုင်များ​ အဓမ္မစပါး​ကောက်ခံမှုကို မ​ပေး​ရန် ရခိုင်အမတ် ​ဆော်ဩ

လယ်သမား​တွေအ​နေနဲ့​ စစ်ဘက် အရပ်အာဏာပိုင်​တွေက စပါး​ ​ကောက်ခံလာတဲ့​အခါ မ​ပေး​ကြ​တော့​ဖို့​ ရခိုင်ပြည်နယ် ပြည်သူ့​လွှတ်​တော် ​မြောက်ဦး​မြို့​နယ်အမတ် ဦး​အောင်ထွန်း​သာက လိုက်လံ​ဆော်ဩ​နေပါတယ်။ စစ်အစိုး​ရ လက်ထက်တ​လျှောက်လုံး​ ​ဒေသခံ လယ်သမား​တွေထံက အာဏာပိုင်​တွေက စပါး​ကို မ​ပေး​မ​နေရ ​ကောက်ခံခဲ့​တာကို လက်မခံကြဖို့​နဲ့​ မ​ပေး​ကြ​တော့​ဖို့​ လယ်သမား​ထုအကြား​ လိုက်လံ သတိ​ပေး​နေတာပါ။ ဦး​အောင်ထွန်း​သာက “အဲဒါ​တောင်း​တာက တပ်က ​တောင်း​တယ်၊​ ​နောက်ပြီး​တော့​ ဌာနဆိုင်ရာ​တွေ ​တောင်း​တယ်။ ဌာနဆိုင်ရာ​တွေက​တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ပေါ့​။ တခြား​ဌာန အကုန်လုံး​ ၁၅ ခု​လောက်ရှိတယ် ​တောင်း​တာ။ ​ကျောက်​တော်မြို့​နယ်က တပ်​တွေရှိတယ်။ အဲဒါ​တွေက ​တောင်း​တယ်။ တချို့​က​တော့​ ကျ​နော်တို့​ မ​ရောက်တဲ့​ ရွာ​တွေက​တော့​ ​ကြောက်လန့်​ပြီး​တော့​ ​ပေး​လိုက်ရပြီ။ အခု ကျ​နော်တို့​ ​ရောက်တဲ့​ ​နေရာက​တော့​ မ​ပေး​ပါဘူး​။ ကျ​နော်တို့​လည်း​ ထိန်း​ထား​တယ်။” လယ်သမား​တွေဆီက လယ်ယာ​မြေ​တွေကို စစ်တပ်နဲ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​တွေက သိမ်း​ဆည်း​ခဲ့​ပြီး​ လယ်​ပေါ်မှာ လယ်လုပ်တဲ့​ ရွာ​ပေါ်မှာ မူတည်ပြီး​တော့​ လယ်သမား​တွေဆီက တဧကကို စပါး​တင်း​ ၂၀ ဝန်း​ကျင်​လောက် ​ကောက်ခံတယ်လို့​ ​ပြောပါတယ်။ မြောက်ဦး​ မြို့​နယ်အတွင်း​ စစ်တပ်က သိမ်း​ယူထား​တဲ့​ လယ်ဧက ၆၀၀ ခန့်​ရှိပြီး​တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ သိမ်း​ယူထား​တဲ့​ ဧက ၁၃၀၀ ​ကျော်ခန့်​ ရှိပြီး​ အဲဒီလယ်​တွေမှာ စိုက်တဲ့​ လယ်သမား​တွေဆီက​နေ ​တောင်း​တာ ဖြစ်ပါတယ်။ ဒီ​တောင်း​ခံမှုက ၁၉၉၇ ကတည်း​က စတင် ​တောင်း​ခံတာဖြစ်လို့​ ၁၅ နှစ် ​လောက် ရှိပြီ ဖြစ်ပါတယ်။ ဒီလို အဓမ္မ ​တောင်း​ခံမှု​ကြောင့်​ လယ်သမား​တချို့​ ပိုင်ရှင်ဘဝက​နေ သူရင်း​ငှား​ဘဝကို ​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။ သက်ဆိုင်ရာက ​နောက်ထပ် ​တောင်း​ခံလာမယ်ဆိုရင် ပြည်နယ်ဝန်ကြီး​ချုပ်ဆီက အ​ကြောင်း​ကြား​ စာရမှသာ ​ပေး​သင့်​ မ​ပေး​သင့်​ စဉ်း​စား​မယ်လို့​လည်း​ ရွာသား​တွေကို ​ပြောဆိုခဲ့​တယ်လို့​ ​ပြောပါတယ်။ လွှတ်​တော်မှာ ​ငွေ​ကောက်တဲ့​ ကိစ္စကို တင်ပြရာမှာ ​ဒေသရှိ အစိုး​ရနဲ့​ ညှိနှိုင်း​ ​ဆွေး​နွေး​ ​ဆောင်ရွက်ဖို့​ နိုင်ငံ​တော်က ပြန်လည် ရှင်း​လင်း​ခဲ့​တယ်လို့​ ဦး​အောင်ထွန်း​သာက ​ပြောပါတယ်။ “ကျ​နော်က လွှတ်​တော်​ရောက်တယ်။ လွှတ်​တော်ကို ဒါ​တွေ ယူသွား​တယ်၊​ ယူသွား​ပြီး​တော့​ တင်တယ်၊​ လယ်ယာ စိုက်ပျိုး​ရေး​နဲ့​ ဝန်ကြီး​က ​ဖြေတာ​တွေကို ကျ​နော်တို့​က ရှင်း​လင်း​ ​ပေး​နေပါတယ်၊​ အဲဒါ​ကြောင့်​ အခု တချို့​ ​ကျေး​ရွာသား​တွေက ​ကြောက်လန့်​ ​နေတာက ​နေပြီး​တော့​ နည်း​နည်း​တော့​ သ​ဘော​ပေါက်လာကြတယ်။” မြောက်ဦး​မြို့​နယ်အတွင်း​က ရွာ​ပေါင်း​ ၇ ရွာ​လောက်ကို အဲဒီအ​ကြောင်း​နဲ့​ ပတ်သက်ပြီး​ လိုက်လံ ​ပြောပြခဲ့​တယ်လို့​လည်း​ သူက ဆိုပါတယ်။ မြောက်ဦး​မြို့​နယ်၊​ ခွဆုံ​ကျေး​ရွာရှိ တိုး​ချဲ့​မြေကို အား​ထား​ မှီခို လုပ်ကိုင်​နေကြ​သော လယ်သမား​များ​ထံက​နေပြီး​ တနင်္ဂ​နွေ​နေ့​က တိမ်ညို ​ကျေး​ရွာရဲစခန်း​က စခန်း​မှူး​နဲ့​ မြို့​နယ်မှူး​များ​က စပါး​ ​ကောက်ခံတာ​တွေ လုပ်ခဲ့​တယ်လို့​လည်း​ ရွာသား​တွေက ဒီဗွီဘီကို စာ​ရေး​သား​ပေး​ပို့​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up