A d v e r t i s e m e n t With Us

မော်လူးတွင် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ်မော်လူးအထွက် ဟဲနုကျေးရွာအနီး ရွှေဘို- မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၆၄/၆ နဲ့ ၁၆၄/၇အကြားမှာ ဧပြီ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ် လောက်က ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့အတွက် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့တယ်လို့ မော်လူးနယ်မြေရဲစခန်းက သိရပါတယ်။ မြစ်ကြီးနားက ရွှေဘိုဘက်ကို မသင်းသင်းစန်း မောင်းနှင်ပြီး ဆိုင်ကယ်နောက်မှာ မစုစုလှိုင် လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ ရွှေဘိုဘက်ကနေ မြစ်ကြီးနားဘက်ကို ယာဉ်မောင်း သဲမောင်မောင်မောင်းနှင်လာတဲ့ ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် ဆိုင်ကယ်ပေါ်မှ မသင်းသင်းစန်းနဲ့ မစုစုလှိုင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။  မသင်းသင်းစန်းနဲ့ မစုစုလှိုင်တို့ ၂ ဦးကို မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ခဲ့ရပြီး မသင်းသင်းစန်းမှာ ညနေ ၄ နာရီခွဲက ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းသဲမောင်မောင်နဲ့ မသင်းသင်းစန်းတို့ ၂ ဦးကို ဥပဒေအရအရေးယူပေးဖို့ ယာဉ်စည်းထိန်းသိမ်းရေး ဒုတပ်ကြပ်နေဝင်းထွန်းက တရားလိုပြုလုပ် တိုင်ကြားရာ မော်လူးနယ်မြေရဲစခန်းက ယာဉ်(ပ)၅/၂၀၁၇ ပြစ်မှု ပုဒ်မ၃၀၄(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ခင်ဆွေ(မော်လူး)

A d v e r t i s e m e n t With Us

More News
Up