Home မြန်မာသတင်း ထားဝယ်ရေနက်ဆိပ်ကမ်းတွင် အီတာလျံထိုင်းက မဂ္ဂါဝပ် ၄၀၀၀ လျှပ်စစ်စက်ရုံ ဆက်ဆောက်နေ
ထားဝယ်ရေနက်ဆိပ်ကမ်းတွင် အီတာလျံထိုင်းက မဂ္ဂါဝပ် ၄၀၀၀ လျှပ်စစ်စက်ရုံ ဆက်ဆောက်နေ
it မြန်မာအစိုးရက ရပ်မယ်လို့ ကြေညာခဲ့တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းက မဂ္ဂါဝပ် ၄၀၀၀ ထွက် ကျောက်မီးသွေးဓာတ်အားသုံး လျှပ်စစ်စက်ရုံစီမံကိန်းကို အီတာလျံ ထိုင်းကုမ္ပဏီက ရပ်တန့်ခြင်း မရှိသေးပါဘူး။
ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတခုမှာ အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးက အီတာလျံထိုင်းကုမ္ပဏီရဲ့ ၄၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းမယ်လို့ကြေညာခဲ့တာပါ။
ခုလို အတိအလင်း ထုတ်ပြန်ပြောဆိုပေမယ့် လက်တွေ့မှာ ထားဝယ် ရေနက်ဆိပ်ကမ်း မဂ္ဂါဝပ် ၄၀၀၀ လျှပ်စစ်စက်ရုံ တည်ဆောက်မှုကို အီတာလျံ ထိုင်းကုမ္ပဏီက ရပ်တန့်ခြင်း မရှိသေးဘဲ ဆက်လက် တည်ဆောက် နေဆဲလို့ သိရပါတယ်။
အီတာလျံထိုင်း ကုမ္ပဏီကိုဆက်သွယ်မေးမြန်းရာမှာ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ထားဝယ်ရေနက်ဆိပ်ကမ်း လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေတာကို ရပ်တန့်ဖို့ တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာအစိုးရက လျှပ်စစ်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ သဘာဝ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေကို ထုတ်ပေးဖို့ကိုတော့ အရေးကြီးတဲ့အဆင့်မှာ ထားပါတယ်လို့Italian Thai Development ကုမ္ပဏီလီမိတက် လက်အောက်ခံ Dawei Development Company Limited (DDC) ရဲ့ ဆက်သွယ်ဆောင်ရွက်ရေးမှူးက ပြောပါတယ်။
ထိုင်းအခြေစိုက် Spririt in Education Movment အဖွဲ့က ဒီလ အစောပိုင်း ထုတ်ပြန်ချက်မှာ အီတာလျံထိုင်းကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်းမှာ ဆောက်လုပ်နေတဲ့ ကျောက်မီးသွေးသုံး စက်ရုံက ရရှိမယ့် လျှပ်စစ်ဓာတ်အား ၄၀၀ မဂ္ဂါဝပ်ကို ထားဝယ်ရေနက် ဆိပ်ကမ်းက အလုပ်ရုံတွေမှာ သုံးမှာဖြစ်ပြီး မဂ္ဂါဝပ် ၃၆၀၀ ကိုတော့ ထိုင်းနိုင်ငံကို ရောင်းချပေးမယ်လို့ ပါရှိပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းမှာ အခု ဆောက်လုပ်နေတဲ့ လျှပ်စစ်စက်ရုံကနေ ထွက်လာမယ့် ကာဗွန်မိုနော့ဆိုက် ဓာတ်ငွေ့တွေဟာ ထိုင်းတနိုင်ငံလုံးကို လွှမ်းနေတဲ့ ကာဗွန်မိုနော့ဆိုက် ဓာတ်ငွေ့ပမာဏရဲ့ တဝက်နီးပါးရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထားဝယ်ဒေသဖွံ့ဖြိုးရေး လူထုအဖွဲ့က အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ထားဝယ်မြို့ မောင်းမကန်မှာ ထားဝယ်ဒေသခံတွေကို ကျောက်မီးသွေးစက်ရုံရဲ့ အကျိုးအဝြစ်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ကြပါတယ်။
မြန်မာပြည်ကို လာရောက်တဲ့ ထိုင်းဝန်ကြီးချုပ် ရင့်လတ်ရှင်နဝပ်ဆီကိုလည်း အစီရင်ခံစာ ပေးပို့ခဲ့ကြပါတယ်။
ဆက်စပ်သတင်းများ