A d v e r t i s e m e n t With Us

ကော့သောင်းတွင် ဆူညံသံများဖြစ်ပေါ်စေသည့် ဆိုင်ကယ်များ၏ ပါဝါအိတ်ဇောများကို ဖျက်ဆီး

သင်္ကြန်ကာလအတွင်း အသံဆူညံမှုကို ဖြစ်ပေါ်စေတဲ့ ပါဝါအိတ်ဇောနဲ့ အသံစုံဟွန်းတွေကို တပ်ဆင်ပြီး မောင်းနှင်တဲ့ဆိုင်ကယ်တွေ၊ ပါဝါအိတ်ဇောတွေကို ဖမ်းဆီးပြီး လမ်းကြိတ်စက်နဲ့ ကော့သောင်းမြို့စည်ပင်ဝင်းအတွင်းမှာ ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းက ဖျက်ဆီးခဲ့ပါတယ်။ အခုနှစ် သင်္ကြန်ကာလအတွင်း ပါဝါအိတ်ဇောနဲ့ အသံစုံဟွန်းတွေကို တပ်ဆင်ထားတဲ့ ဆိုင်ကယ်တွေ၊ စည်းကမ်းမဲ့ ယာဉ်မဆင်မချင် မောင်းနှင်သူတွေကို ထိထိရောက်ရောက် အရေးယူနေပါတယ်။ ဒါ့အပြင် အရောင်းဆိုင်တွေမှာလည်း ရှာဖွေစစ်ဆေးနေပြီး၊ အရေးယူမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ စည်းကမ်းမဲ့ ဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးသွားမယ်လို့ ကော့သောင်း်ခရိုင် အမှတ် (၇၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ လတ်ကိုကိုဦး

A d v e r t i s e m e n t With Us

More News
Up