DVB Logo
Home
မြန်မာသတင်း
လူ ၇၀ ​ကျော်ကို လူပွဲစား​လက်မှ ကယ်တင်နိုင်
DVB
·
January 18, 2012
လူ ၇၀ ​ကျော်ကို လူပွဲစား​လက်မှ ကယ်တင်နိုင်
1 / 4
Donate to DVB

ရှမ်း​ပြည်နယ် မိုင်း​ရှူး​က ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​အသင်း​က ပိုင်တဲ့​ ​ကျောက်တွင်း​မှာ အလုပ်လုပ်ဖို့​ဆိုပြီး​ ​ခေါ်ယူစု​ဆောင်း​ခံရတဲ့​ လူ ၇၁ ဦး​ကို ပြည်မြို့​က အထွက်မှာ ပြီး​ခဲ့​တဲ့​ ၈ ရက်​နေ့​က ကယ်တင်နိုင်လိုက်တယ်လို့​ ​ဒေသခံ​ရှေ့​နေ ဦး​မြင့်​အေး​က ​ပြောပါတယ်။

[caption id="attachment_20108" align="alignright" width="300" caption="လူကုန်ကူးကားကို တားဆီးစဉ်"][/caption]

“သူတို့​သား​သမီး​တွေကို စိတ်မချတဲ့​၊​ လင်သား​တွေကို စိတ်မချတဲ့​အတွက် ထပ်​ရောက်လာတယ် ကျ​နော်တို့​ဆီကို။ ထပ်​ရောက်လာပြီး​တော့​ သူတို့​သား​သမီး​တွေကို​ခေါ်​ပေး​ ပြန်​ခေါ်​ပေး​ မိုင်း​ရှူး​မှာ အ​ခြေအ​နေမ​ကောင်း​ဘူး​။ ပင်ပင်ပန်း​ပန်း​ ခက်ခက်ခဲခဲ လုပ်​နေရတယ်။ ကျင်း​တွေထဲ ဆင်း​ရတယ်။ အဲဒါ​တွေ သူတို့​ကြား​တော့​ အဲဒီ သိန်း​ထိုက်​အောင်ဆိုတဲ့​ ပွဲစား​ကို သူတို့​က ​တောင်း​ဆိုတာ​ပေါ့​။ မ​နေ့​ကကျ​တော့​ ကျ​နော်တို့​က သား​တွေ လင်​တွေ ပါသွား​တဲ့​ မိန်း​မ ၆ ​ယောက်က တရား​ရုံး​ကို ဦး​တိုက်​လျှောက်​တော့​ ရုံး​က လက်ခံလိုက်တယ်။ ဘာပုဒ်မနဲ့​ အ​ရေး​ယူမယ်ဆိုတာ​တော့​ မသိရ​သေး​ဘူး​ ၂၆ ရက်​နေ့​ကို ချိန်း​ထား​တယ်။ ​နောက် ပြည်သူ့​ရဲ စခန်း​မှူး​တို့​၊​ မြို့​နယ် လူကုန်ကူး​မှု တိုက်ဖျက်​ရေး​အဖွဲ့​ ​ပေါ့​ဗျာ စခန်း​မှူး​ပါတယ်၊​ မြို့​နယ်မှူး​ပါတယ်၊​ မြို့​နယ်အုပ်ချုပ်​ရေး​ အဖွဲ့​က ပါတယ်။ အဲဒီအဖွဲ့​က ကျ​နော်နဲ့​ ကျ​နော့်​ ​ရှေ့​နေမ​လေး​ တ​ယောက်ကို တ​နေ့​က ​ခေါ်​တွေ့​တယ်။ ​တွေ့​တော့​ အဲဒီလို ကိစ္စ​တွေကို သူတို့​လည်း​ ပူး​ပေါင်း​ ​ဆောင်ရွက်ပါမယ်လို့​ ကျ​နော်တို့​ကို ကတိ​ပေး​ပါတယ်။ သူတို့​လည်း​ပဲ ပူး​ပေါင်း​ဆောင်ရွက်မယ်၊​ ဥပ​ဒေနဲ့​အညီ​ဆောင်ရွက်ကြဖို့​ သူတို့​ ကျ​နော်တို့​နဲ့​ ​ဆွေး​နွေး​ကြပါတယ် အဆင်​ပြေပါတယ်။”

 

သိန်း​ထိုက်​အောင်ဆိုသူက ကြား​လူတ​ယောက်က တဆင့်​ သူတို့​ကို ​ခေါ်ယူစု​ဆောင်း​ခဲ့​တာဖြစ်ပြီး​ ယခင်ကလည်း​ ပြည်မြို့​အနီး​က ​ကျေး​ရွာ​တွေက​နေ ရွာသား​တွေကို အလား​တူ စု​ဆောင်း​မှု​တွေရှိခဲ့​တယ်လို့​ ဆိုပါတယ်။

ပြီး​ခဲ့​တဲ့​ ၈ ရက်​နေ့​က ဟိုး​လေး​တ​ကျော် ကိစ္စဖြစ်ပြီး​နောက် ယခင်အ​ခေါက်​တွေက ​ခေါ်သွား​ပြီး​ ​နောက်ပိုင်း​ သတင်း​အစအန ​ပျောက်​နေသူ ၆ ဦး​ရဲ့​ မိသား​စု​တွေကလည်း​ ကိုသိန်း​ထိုက်​အောင်ကို ပြည်မြို့​နယ်တရား​ရုံး​မှာ အမှုဖွင့်​ တရား​စွဲထား​တယ်လို့​ အမှုလိုက်​ရှေ့​နေ ဦး​အေး​မြင့်​က ​ပြောပါတယ်။

အလုပ်သမား​တွေကို ​ပေါ့​ပေါ့​ပါး​ပါး​အလုပ်နဲ့​ တလကို ၄ ​သောင်း​ခွဲ​ပေး​မယ်လို့​ စည်း​ရုံး​ခဲ့​ပေမယ့်​ လုပ်ငန်း​ခွင့်​မှာ​တော့​ ပိဿာ ၂၀ အထိ စီး​တဲ့​ ​ကျောက်တုံး​ကြီး​တွေကို သယ်ခိုင်း​တာ၊​ ​ပေ ၁၅၀၀ ​လောက်နက်တဲ့​ တွင်း​ထဲကို ဆင်း​ခိုင်း​တာ​တွေရှိတယ်လို့​ လုပ်ငန်း​ခွင်မှာ အလုပ်လုပ်ခဲ့​ဖူး​တဲ့​ ပြည်မြို့​အနီး​က ဥသျှစ်ပင်​ကျေး​ရွာက ကိုခိုင်စိန်က ​ပြောပြပါတယ်။

အလုပ်သမား​တွေကို ၁၅ ရက် တပတ်မှာ အသား​ဟင်း​ကျွေး​ပြီး​ အလုပ်ခွင့်​မှာ အမှား​အယွင်း​ဖြစ်ရင် အလုပ်သမား​တွေကို ရိုက်နှက် နှိပ်စက်မှု​တွေလည်း​ ရှိတယ်လို့​ သူက ဆိုပါတယ်။

သူ့​ရဲ့​ သတင်း​ပေး​ချက်အရ ​ရှေ့​နေ ဦး​မြင့်​အေး​နဲ့​ ပြည်မြို့​နယ် လူကုန်ကူး​မှု တိုက်ဖျက်​ရေး​အဖွဲ့​တို့​ ပူး​ပေါင်း​မှုနဲ့​ အလုပ်သမား​တွေကို စု​ဆောင်း​ခဲ့​တဲ့​ ကိုသိန်း​ထိုက်​အောင်ကို တရား​စွဲနိုင်တာလို့​ အမှုကို လိုက်ပါ​ဆောင်ရွက်​နေတဲ့​ ​ရှေ့​နေဦး​အေး​မြင့်​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013