DVB Logo
Home
မြန်မာသတင်း
ဖျက်သိမ်း​ခံခဲ့​ရသည့်​ အနိုင်ရပါတီများ​ ပြန်မှတ်ပုံတင်​တော့​မည်
DVB
·
January 18, 2012
ဖျက်သိမ်း​ခံခဲ့​ရသည့်​ အနိုင်ရပါတီများ​ ပြန်မှတ်ပုံတင်​တော့​မည်
Donate to DVB

ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင် ခွန်ထွန်း​ဦး​အပါအဝင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အများ​အပြား​ လွတ်လာပြီး​နောက် ဖျက်သိမ်း​ခံထား​ရတဲ့​ တိုင်း​ရင်း​သား​ နိုင်ငံ​ရေး​ပါတီ​တွေထဲက တချို့​ ပြန်လည်ပြီး​ ပါတီမှတ်ပုံတင်ကြ​တော့​မှာ ဖြစ်ပါတယ်။

[caption id="attachment_16640" align="alignleft" width="300" caption="ဦးအေးသာအောင်"][/caption]

၁၉၉၀ ပြည့်​ ပါတီစုံ​ရွေး​ကောက်ပွဲမှာ အနိုင်ရပြီး​ ဖျက်သိမ်း​ခံထား​ရတဲ့​ ရခိုင်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မကြာခင်မှာ ပါတီကို ပြန်လည် မှတ်ပုံတင်ပြီး​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ပါတီ​ခေါင်း​ဆောင် ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ရခိုင်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ပြည့်​ ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲမှာ တတိယမဲအများ​ဆုံး​ အနိုင်ရရှိခဲ့​ပေမယ့်​ စစ်အစိုး​ရက အာဏာမလွှဲတဲ့​အပြင် ပါတီလည်း​ ဖျက်သိမ်း​ခံခဲ့​ရပါတယ်။

“ကျ​နော်တို့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ဦး​ခွန်ထွန်း​ဦး​တို့​ စိုင်း​ညွန့်​လွင်တို့​ ပြီး​တော့​ ဂဂ​ကျောင်း​သား​ ​ခေါင်း​ဆောင်များ​ဖြစ်တဲ့​ မင်း​ကိုနိုင်၊​ ကိုကိုကြီး​။ ပြီး​တော့​ သံဃာ​တော်များ​ မလွတ်ဘဲနဲ့​တော့​ ပါတီမှတ်ပုံမတင်ဘူး​၊​ လွတ်ရင်​တော့​ တင်မယ်ဆိုပြီး​တော့​ ဆုံး​ဖြတ်ထား​တာရှိပါတယ်။ အခု​တော့​ ဒီ​ခေါင်း​ဆောင်​တွေ၊​ ဒီပုဂ္ဂိုလ်​တွေလွတ်လာပြီဆို​တော့​ ဝမ်း​လည်း​ဝမ်း​သာတယ်။ ကြိုလည်း​ ကြိုဆိုတယ်။ ပါတီလည်း​ မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ၃ ​နေရာ မဝင်ရင် ပါတီက ပြန်လည် ပျက်ပြယ်မယ်ဆို​တော့​ ဒါကိုလည်း​ လွတ်​အောင် မှတ်ပုံတင်တာကို အဲ့​လို ဆုံး​ဖြတ်ထား​ပါတယ်။”

ပါတီမူဝါဒက​တော့​ ​ခေတ်နဲ့​လျော်ညီ​အောင် အနည်း​အကျဉ်း​ ​ပြောင်း​လဲတာမျိုး​ ရှိမယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ဒီက​နေ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ ရန်ကုန်မှာ ​တွေ့​ဆုံခဲ့​ကြရာ ကျန်ဖျက်သိမ်း​ခံရတဲ့​ တိုင်း​ရင်း​သား​ပါတီတချို့​လည်း​ ပါတီ မှတ်ပုံပြန်တင်ကြမယ်ဆိုတာ သိခဲ့​ရတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

“အစည်း​အ​ဝေး​လုပ်ပါတယ်။ အဲ့​မှာ ဇိုမီး​အမျိုး​သား​ကွန်ဂရက်က​တော့​ ကျ​နော်တို့​လိုပဲ ပါတီ မှတ်ပုံတင်ဖို့​ သူတို့​ သ​ဘောထား​ကို ​ပြောပါတယ်။ ဦး​ခွန်ထွန်း​ဦး​ကလည်း​ သူတို့​ ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် (စီအီး​စီ) ​တွေနဲ့​ ​ဆွေး​နွေး​မယ်။ စီအီး​စီ ​တွေလည်း​ ​ရောက်​နေပြီလို့​ ​ပြောပါတယ်။ ဒါ​ပေမယ့်​ ပါတီမှတ်ပုံတင်ဖို့​အတွက် သူကိုယ်တိုင်က ဒီအစည်း​အ​ဝေး​မှာ တိုက်တွန်း​သွား​ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013