A d v e r t i s e m e n t With Us

မန္တ​လေး​မြို့​တွင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကာတွန်း​ပြပွဲ ပြုလုပ်

မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကြီး​မှူး​ကျင်း​ပတဲ့​ ကာတွန်း​ပြပွဲတရပ်ကို အခုလ ၂၀ ရက်က​နေ၂၁ ရက်အထိ ခင်း​ကျင်း​ပြသသွား​မှာ ဖြစ်ပါတယ်။ ပြပွဲမှာ ကွယ်လွန်သူ ကာတွန်း​ဆရာကြီး​ ဦး​ဘဂျမ်း​ရဲ့​ ကာတွန်း​လက်ရာ​တွေ အပါအဝင် ပြည်တွင်း​က နာမည်ကြီး​ ကာတွန်း​ဆရာ ကြီး​ငယ် ၅၀ ​ကျော်ရဲ့​ ကာတွန်း​လက်ရာ​ပေါင်း​ ၂၀၀ ​လောက်ကို မန္တ​လေး​၊​ မဟာ​အောင်​မြေမြို့​နယ်၊​၂၆ လမ်း​၊​ ၈၆နဲ့​ ၈၇ လမ်း​ကြား​ရှိ ပဒုမ္မာခန်း​မမှာ ပြသမယ်လို့​ မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ် တိုင်း​စည်း​ရုံး​ရေး​အဖွဲ့​ဝင် ကိုမျိုး​နိုင်က ​ပြောပါတယ်။ ပြပွဲပြုလုပ်ရတဲ့​အ​ကြောင်း​နဲ့​ပတ်သက်လို့​ ကိုမျိုး​နိုင်က “ ကျ​နော်တို့​က ​ရွေး​ကောက်ပွဲလည်း​ ဝင်မယ်ဗျာ။ အဖွဲ့​ကလည်း​ တရား​ဝင် မှတ်ပုံတင်ပြီး​တဲ့​အခါကျ​တော့​ အန်အယ်လ်ဒီနဲ့​ပတ်သက်တဲ့​ လှုပ်ရှား​မှု​တွေကို စဉ်ဆက် လူထုထဲမှာ သိ​စေချင်တယ်။ ကျ​နော်တို့​ ရုံး​မှာထိုင်​နေပြီး​တော့​ လုပ်​နေတဲ့​ နိုင်ငံ​ရေး​ထက် ပြည်သူလူထုထဲကို ​ရောက်နိုင်မယ့်​ လှုပ်ရှား​မှုမျိုး​ကို ကျ​နော် ပိုပြီး​ စိတ်ဝင်စား​တယ်။ ​နောက် ကာတွန်း​ဆိုတာက လူထုလည်း​ အ​မော​ပြေတယ်ဗျာ။ ​နောက် ကျ​နော်တို့​က ကာတွန်း​ပွဲ ပြလိုက်ခြင်း​အား​ဖြင့်​ ကျ​နော်တို့​ အဖွဲ့​ချုပ်က ဦး​စီး​ပြီး​လုပ်တယ်ဆို​တော့​ လူထုထဲမှာ တစုံတခု အကျိုး​သက်​ရောက်သွား​နိုင်တယ်။ မန္တ​လေး​ အိုး​ဘို​ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျသူ ၇၆ဦး​ရှိတယ်။ အဲ့​ဒီ့​အတွက်လည်း​ အကူအညီ​ပေး​နိုင်​အောင် သူတို့​ ကျန်ရစ်ခဲ့​တယ်ဆိုတာကိုလည်း​ မီး​မောင်း​ထိုး​ပြတာပါ” လို့​ ​ပြောပါတယ်။ ကာတွန်း​ပြပွဲမှာ ​သော့​ချိတ်၊​ တီရှပ် စတဲ့​ အထိမ်း​အမှတ် ပစ္စည်း​တွေကို လည်း​ ရန်ပုံ​ငွေအဖြစ် ​ရောင်း​ချမယ်လို့​ ဆိုပါတယ်။ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကာတွန်း​ပြပွဲလုပ်ဖို့​ ပြင်ဆင်​နေချိန် ဇန်နဝါရီ ၁၅ ရက်​နေ့​ထုတ် မန္တ​လေး​သတင်း​စာမှာ ပြပွဲလုပ်ရင် ပြန်ဆက်ဦး​စီး​ဌာနကို ခွင့်​ပြုချက်တင်ရမည်ဖြစ်ပြိး​ မတင်ဘဲလုပ်ရင် ​ထောင်ဒဏ် ၃ နှစ် အပြစ်​ပေး​ခံရမယ်လို့​ ​ဖော်ပြခဲ့​ပါတယ်။ ဒီအ​ခြေအ​နေနဲ့​ပတ်သက်လို့​ ကိုမျိုး​နိုင်က “သူတို့​ကလည်း​ Formal အရ ​ဆောင်ရွက်ဖို့​ အ​ကြောင်း​ကြား​ခြင်း​ ဖြစ်​ကောင်း​ဖြစ်နိုင်ပါတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ဘက်က​တော့​ ဆက်သွား​စရာရှိတဲ့​ လုပ်ရမယ့်​ ကိစ္စကို​တော့​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ တည်တည်ငြိမ်ငြိမ် ​ဆောင်ရွက်သွား​ဖို့​တော့​ ကျ​နော်တို့ ဆုံး​ဖြတ်ထား​ပါတယ်။” သူတို့​ဘက်က ပြပွဲလုပ်မယ့်​အ​ကြောင်း​ အ​ကြောင်း​ကြား​စာ​တွေကို တိုင်း​ဝန်ကြီး​ချုပ် အပါအဝင် သက်ဆိုင်ရာ ​ဒေသ တာဝန်ရှိသူ​တွေထံ ​ပေး​ပို့​ထား​ပြီး​ ဖြစ်တယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up