ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 12, 2017
ပေါ်ဆန်း(နယ်စုံ)
ဝါးတန်းကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်း(နယ်စုံ)တစ်တင်းခွဲကို ငွေကျပ် ၂၉၀၀၀ ကနေ ၄၅၀၀၀ ဈေးရှိနေပြီး မနေ့ကထက်စာရင် ၂၅၀၀ ဈေးတက်သွားပါတယ်။
ဧည့်မထ(ဆန်)
ဧည့်မထ(ဆန်)တစ်တင်းခွဲကို ကျပ် ၁၆၅၀၀ ကနေ ၁၈၅၀၀ ပေါက်ဈေးရှိနေပြီး မနေ့ဈေးနဲ့ယှဉ်ရင် ကျပ် ၁၀၀၀ ဈေးတက်သွားတယ်။
နွေသီးထပ်(ဆန်)
ဝါးတန်းကုန်စည်ဒိုင်မှာပဲ နွေသီးထပ်(ဆန်) တစ်တင်းခွဲကို ကျပ် ၅၀၀ ဈေးတက်သွားပြီး ဒီနေ့ပေါက်ဈေးကတော့ ကျပ် ၁၈၅၀၀ မှ ၁၉၅၀၀ ဖြစ်ပါတယ်။
ဖရဲသီး(855)
မူဆယ်ကုန်စည်ဒိုင်မှာ ဖရဲသီး(855) အမျိုးအစားဟာ တစ်တန်ကို ၃၈၂၀၀၀ ဈေးရှိနေပြီး မနေ့ကထက်စာရင် ကျပ် ၃၆၄၀၀ ဈေးကျသွားပါတယ်။
အခုဖော်ပြသွားတဲ့ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။
သတင်း - AMIA