ပြည်-ရန်ကုန် လမ်းတွင် ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၁၄ ဦး ဒဏ်ရာရ
မင်းညို
·
April 12, 2017
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ပြည်-ရန်ကုန် လမ်းမပေါ်မှာ ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိပြီး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီ ၁၂ ရက်နေ့၊ မနက် ၇ နာရီခွဲလောက်က ရွှေတောင်မြို့နယ်ထဲ ၀ါးတော၊ ၀ါးလည်ကျေးရွာအလွန်က မိုင်တိုင်အမှတ်(၁၆၄/၅) နဲ့ (၁၆၄/၆)ကြားမှာ ပြည်ကနေ ရန်ကုန်ဘက် ကိုမျိုးမင်းသက်မောင်းလာတဲ့ NISSAN အဖြူရောင်ကားနဲ့ ရန်ကုန်ကနေ ပြည်ဘက် ၀င်းကို မောင်းနှင်လာတဲ့ ဒိုင်နာခရီးသည်တင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ ရွှေတောင်မြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒိုင်နာကားပေါ်မှာပါလာတဲ့ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးကတော့ အတွင်းလူနာအဖြစ် ပြည်ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။
ရွှေတောင်မြို့မ ရဲစခန်းက ယဉ်မောင်း ကိုဝင်းကို နဲ့ မျိုးမင်းသက်တို့ကို ယာဉ်မဆင် မောင်းနှင်မှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
မင်းညို