DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်သူများ​ကို ​ရွှေသဘာဝဓာတ်​ငွေ့​ အသုံး​ပြုခွင့်​ပေး​ရန် ​တောင်း​ဆို
DVB
·
January 17, 2012
ရခိုင်ပြည်သူများ​ကို ​ရွှေသဘာဝဓာတ်​ငွေ့​ အသုံး​ပြုခွင့်​ပေး​ရန် ​တောင်း​ဆို
1 / 4
Donate to DVB

ရခိုင်ပြည်နယ် ​ရွှေဂတ်စ်စီမံကိန်း​က​နေ ထွက်တဲ့​သဘာဝဓတ်​ငွေ့​ကို ရခိုင်ပြည်သူ​တွေကို အသုံး​ပြုခွင့်​ပေး​ဖို့​နဲ့​ ရခိုင်ပြည်နယ်အတွင်း​ ၂၄ နာရီ မီး​လင်း​ရေး​ လူထုလှုပ်ရှား​မှု ပြုလုပ်ခဲ့​ပါတယ်။

ရက္ခအလင်း​တန်း​လူငယ်အဖွဲ့​က ဦး​ဆောင်ပြီး​ ရခိုင်ပြည်နယ်၊​ စစ်​တွေနဲ့​ ​မြောက်ဦး​မြို့​တွေမှာ ‘၂၄ နာရီ မီး​ရရှိ​ရေး​ ​ရွှေဂတ်စ်စီမံကိန်း​မှ အခု ချက်ချင်း​ပေး​’ ဆိုတဲ့​ ပိုစတာစာရွက်​တွေကို မြို့​တွင်း​လူစည်ကား​ရာ​တွေမှာ ကပ်ခဲ့​သလို တီရှပ်ဆင်တူ ဝတ်ဆင်တဲ့​ လှုပ်ရှား​မှု​တွေလည်း​ ပြုလုပ်ခဲ့​ပါတယ်။

တီရှပ်ရဲ့​ ​ရှေ့​မှာ Our gas Our future စာသား​နဲ့​ အ​နောက်မှာ stop shwe gas prodution ဆိုတဲ့​စာသား​ပါ တီရှပ်တူညီဝတ်ဆင်ပြီး​၊​ လမ်း​လျှောက်ခဲ့​ကြပါတယ်။

လှုပ်ရှား​မှုနဲ့​ ပတ်သက်လို့​ ရက္ခအလင်း​တန်း​လူငယ်အဖွဲ့​ရဲ့​ မထက်ထက်စံက “၂၄ နာရီ မီး​ရရှိ​ရေး​ ​ရွှေဂက်စ်စီမံကိန်း​မှ အခုချက်ချင်း​ပေး​၊​ အဲလိုမျိုး​စာတမ်း​တွေ ​ရေး​ထား​တယ်။ ဂက်စ်ဘူး​လေး​တွေ ဆွဲထား​တယ်။ မီး​လုံး​လေး​တွေနဲ့​ ၂၄ နာရီမီး​ရရှိ​ရေး​ အတွက် ​ရွှေဂက်စ်စွမ်း​အင် သုံး​စွဲခွင့်​ပေး​ ချက်ပြုတ်​ရေး​အတွက် အဲလိုမျိုး​တွေ ​ရေး​ထား​တယ်။ ​ကျောဘက်မှာ ​ရွှေဂက်စ် ကာကွယ်​ရေး​ အဲလိုမျိုး​တွေ ​ရေး​ထား​တဲ့​စာ​တွေ ပါတဲ့​စ​တေကာ​တွေ ကပ်ထား​တယ်။ စစ်​တွေမြို့​လမ်း​မကြီး​ရယ်၊​ မင်း​ဘာကြီး​လမ်း​၊​ ​မေယုလမ်း​၊​ လမ်း​မကြီး​တ​လျှောက်​ပေါ့​။ ၂၄ နာရီမီး​တော့​လင်း​တယ်။ မီတာခ​တွေ တအား​ဈေး​ကြီး​တော့​ မသုံး​ရဘူး​။ ​နောက် ဆီ​တွေက ​ဈေး​တက်​တော့​ ကား​ခ​တွေက ​ဈေး​ကြီး​၊​ ​ကျောင်း​တက်တဲ့​ က​လေး​တ​ယောက် တရက်ကို တ​ထောင်​လောက် မုန့်​ဖိုး​မပါရင် ​ကျောင်း​မတက်နိုင်ဘူး​။ အဲဒါ​တွေကို ​ပြေလည်ရာ​ပြေလည်​ကြောင်း​ ​တောင်း​ဆိုတဲ့​သ​ဘောပါ။”

ဒါ့​အပြင် ​ရွှေသဘာဝဓာတ်​ငွေ့​မှ စွမ်း​အင်တချိုနဲ့​ အကျိုး​အမြတ်တချို့​ကို ရခိုင်ပြည်နယ်သူပြည်နယ်သား​များ​ အပြည့်​အဝသုံး​ရေး​ ​ခေါင်း​စဉ်ပါ အိတ်ဖွင့်​ပေး​စာကိုလည်း​ ရခိုင်ပြည်နယ်ဝန်ကြီး​ချုပ် ဦး​လှ​မောင်တင်ဆီ သွား​ရောက်​ပေး​ပို့​ခဲ့​တယ်လို့​ ဆိုပါတယ်။

နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်ဆီ ​ပေး​ပို့​ခဲ့​သလို ဒု-သမ္မတနဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​ဆီကိုလည်း​ အိတ်ဖွင့်​ပေး​စာကိုလည်း​ မိတ္တူ​ပေး​ပို့​ခဲ့​ပါတယ်။

မြောက်ဦး​မြို့​မှာလည်း​ လှုပ်ရှား​မှု​တွေပြုလုပ်ခဲ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ နှစ် နိုဝင်ဘာလတုန်း​ကလဲ အလား​တူ ​တောင်း​ဆိုမှု​တွေ ရှိခဲ့​လို့​ ရခိုင်ကမ်း​လွန်က သဘာဝဓာတ်​ငွေ့​ကို ရခိုင်ပြည်သား​တွေကို ပမာဏအနည်း​ငယ်​ပေး​ဖို့​ ပြည်​ထောင်စုအစိုး​ရက သ​ဘောတူစာချုပ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ရခိုပြည်နယ်လက်ထဲကို ​ရောက်မလာ​သေး​တာ​ကြောင့်​ ထပ်ပြီး​တောင်း​ဆိုမှု​တွေ လုပ်တာလို့​ ​မြောက်ဦး​မြို့​မှာ ဦး​ဆောင်လှုပ်ရှား​တဲ့​ ရက္ခအလင်း​တန်း​ လူငယ်အဖွဲ့​က မမာမာ​ကျော်​ဇောက ​ပြောပါတယ်။

“အဓိက ​တောင်း​ဆိုထား​တာက ​ရွှေဂက်စ်က မြန်မာနိုင်ငံအတွင်း​မှာရှိတဲ့​ သဘာဝဓာတ်​ငွေ့​ပေါ့​။ အခွင့်​အ​ရေး​အရ တိုင်း​ရင်း​သား​တွေ အကုန်လုံး​က ခံစား​ပိုင်ခွင့်​ရှိတယ်ဆိုတာ ကျ​နော်တို့​ အမြဲတမ်း​သိထား​တယ်။ ကိုယ့်​မြန်မာနိုင်ငံက ထွက်တဲ့​သယံဇာတ ပစ္စည်း​တွေကို မြန်မာပြည်သား​တွေ အ​နေနဲ့​ သုံး​စွဲခွင့်​ကို ​ပေး​ပါဆိုပြီး​ ​တောင်း​ဆိုချက်ကို ​တောင်း​ဆိုတာ။ မကြာခင်မှာ ​ပေး​မယ်ဆိုတာကို ​ပြောထား​တယ်။ ဒါ​ပေမယ့်​ လက်ရှိအ​ခြေအ​နေအရ ကျ​နော်တို့​လက်ထဲကို ​ရောက်မလာ​သေး​တဲ့​ အ​ခြေအ​နေက စကား​အရပဲ ရှိ​သေး​တယ်။ ​ပြောပြီး​သား​ စကား​တခုကို ပိုပြီး​အ​လေး​အနက် ဖြစ်​စေချင်တဲ့​ သ​ဘောသက်​ရောက်မှု ရှိတယ်။”

ပိုစတာနဲ့​ တီရှပ်လှုပ်ရှား​မှု​တွေကို မ​နေ့​ကနဲ့​ ဒီက​နေ့​မှာ ပြုလုပ်ခဲ့​တာ​ကြောင့်​ စစ်​တွေနဲ့​ ​မြေက်ဦး​မြို့​မှာ လုံခြုံ​ရေး​တင်း​ကြပ်​နေ​ပေမယ့်​ အဖမ်း​အဆီး​မရှိဘူး​လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013