DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ ပြည်တွင်း​သတင်း​ထောက်အား​လုံး​ ​ထောင်ကလွတ်ပြီ
DVB
·
January 17, 2012
ဒီဗွီဘီ ပြည်တွင်း​သတင်း​ထောက်အား​လုံး​ ​ထောင်ကလွတ်ပြီ
Donate to DVB

ဒီမိုကရက်တစ်မြန်မာ့​အသံရဲ့​ ပြည်တွင်း​သတင်း​ထောက် အား​လုံး​ ဇန်နဝါရီ ၁၃ ရက်​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်လာပါတယ်။

လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၀၀ ဝန်း​ကျင် ပြန်လည်လွတ်​မြောက်လာတဲ့​အထဲမှာ ​ထောင်ထဲမှာ ကျန်​နေတဲ့​ ဒီဗွီဘီ သတင်း​ထောက် ၁၃ ​ယောက်စလုံး​လည်း​ ပါဝင်လာတာလို့​ ဒီဗွီဘီ အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်က အတည်ပြုပြောဆိုပါတယ်။

“ပြည်တွင်း​သတင်း​ထောက်​တွေက သူတို့​ရဲ့​ လွတ်လပ်မှု​တွေကို​တောင် စ​တေး​ပြီး​ တကယ့်​ကို အလုပ်လုပ်ခဲ့​ကြတာပါ။ အခု သူတို့​ ပြန်လွတ်လာတဲ့​အတွက် သူတို့​အတွက်​ရော၊​ သူတို့​ မိသား​စု အတွက်ပါ တကယ် ဝမ်း​သာပါတယ်၊​ သူတို့​တွေအား​လုံး​ ​လေး​စား​ဂုဏ်ပြုရမယ့်​ ဒီဗွီဘီရဲ့​ တကယ့်​ သူရဲ​ကောင်း​ အစစ်​တွေပါ။”

ပြန်လွတ်လာတဲ့​ အထဲမှာ ဒီမိုကရက်တစ်မြန်မာ့​အသံက လူသိရှင်ကြား​ နာမည်​ဖော်ထား​တဲ့​ တီဗွီသတင်း​ထောက် ကိုစည်သူ​ဇေယျနဲ့​ ဖခင်ဖြစ်တဲ့​ ဦး​ဇေယျ၊​ ဦး​ဝင်း​မော်၊​ မလှလှဝင်း​၊​ ​ငွေစိုး​လင်း​၊​ ၅ ဦး​ စလုံး​ပါဝင်ပါတယ်။

ဒါ့​အပြင် လုံခြုံ​ရေး​ကြောင့်​ ဒီဗွီဘီက နာမည်​ဖော် ​ကြေညာမထား​တဲ့​ သတင်း​ထောက်​တွေ အား​လုံး​လည်း​ သူတို့​နဲ့​အတူ ပြန်လည်လွတ်​မြောက်ခဲ့​ပါတယ်။ သူတို့​ထဲက တချို့​ဟာ နှစ်​ပေါင်း​ ၆၀ ​ကျော် ​ထောင်ချခံထား​ရသူ​တွေ ပါဝင်ပါတယ်။

ဟင်္သာတ​ထောင်က​နေ ပြန်လွတ်လာတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုစည်သူ​ဇေယျက သူ့​ကို ခြွင်း​ချက်နဲ့​ ပြန်လွှတ်​ပေး​လိုက်တာလို့​ ​ပြောပါတယ်။

“အခုက ကျ​နော်တို့​ကို ၄၀၁ ပုံစံနဲ့​ လွှတ်​ပေး​တာ​ပေါ့​။ ဝန်ခံကတိ ထိုး​ခိုင်း​ပြီး​မှ။ ဝန်ခံကတိက ​နောက်မလုပ်​တော့​ပါဘူး​ ဆိုတာမျိုး​တော့​မဟုတ်ဘူး​။ လုပ်​တော့​လုပ်။ ဒါ​ပေမယ့်​ အခုကျန်သမျှအား​လုံး​ကို ​နောက်တကြိမ် ပြန်အဖမ်း​ခံရတဲ့​အချိန်မှာ သီး​ခြား​ ပြန်ခံရမယ်။ ကျ​နော့်​အမြင်က​တော့​ ပွင့်​ပွင့်​လင်း​လင်း​ပြောရရင် လည်ပင်း​မှာ ကြိုး​တပ်ပြီး​တော့​ လွှတ်​ပေး​လိုက်သလိုပဲ။ ဘာလို့​လဲဆို​တော့​ တချိန်မှာ ကြိုး​စောင့်​ဆွဲပြီး​ ပြန်ဖမ်း​လို့​ရှိရင် အရင်ကထက် ပိုပြီး​ခံရမယ့်​ပုံစံ ဖြစ်သွား​တာ​ပေါ့​။”

စည်သူ​ဇေယျမှာ ၂ဝ၁ဝ ခုနှစ် သင်္ကြန်ကာလအတွင်း​ ဖြစ်ခဲ့​သည့်​ X2O မဏ္ဍပ် ဗုံး​ကွဲမှု ဖြစ်ပွား​မှု​နောက် ဓာတ်ပုံ သတင်း​ ရိုက်ကူး​စဉ်တွင် ဖမ်း​ဆီး​ခံရပြီး​ ဖခင်ဖြစ်သူ သတင်း​ထောက် ဦး​ဇေယျကိုပါ ရဲက ဆက်လက် ဖမ်း​ဆီး​ခဲ့​တာဖြစ်ပါတယ်။

မနှစ်​မေလက စလို့​ ဒီဗွီဘီသတင်း​ထောက်​တွေ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှု ပြုလုပ်​နေတဲ့​ ဖရီး​ဘား​မား​ ဗွီ​ဂျေ လှုပ်ရှား​မှုအဖွဲ့​ ဆက်သွယ်ညှိနှိုင်း​ရေး​မှူး​ Géraldine May (ဂျာရယ်ဒင်း​မေ) က သတင်း​ထောက်​တွေအ​ပေါ် ဒီလို ကန့်​သတ်ထား​တာ​တွေ လုံး​ဝ ပျက်ပြယ်သွား​ဖို့​နဲ့​ လွတ်​မြောက်လာပြီး​နောက် သူတို့​ရဲ့​ လုံခြုံ​ရေး​အတွက် အာမခံချက်ရဖို့​ ဆက်ပြီး​ စည်း​ရုံး​ဆော်ဩ သွား​မယ်လို့​ ​ပြောပါတယ်။

“ဒီဗွီဘီရဲ့​ ဗွီဒီယိုသတင်း​ထောက်​တွေအား​လုံး​ ပြန်လွတ်လာတဲ့​အတွက် Free Burma VJ လှုပ်ရှား​မှုအဖွဲ့​က ဝမ်း​သာပါတယ်။ ဒါ​ပေမယ့်​ သတင်း​ထောက်​တွေရဲ့​ လုံခြုံ​ရေး​အတွက် ကျမတို့​ သတိထား​စရာ​တွေ ရှိပါ​သေး​တယ်၊​ ​နောက်တချက်ကလည်း​ အခုအချိန်ထိ နိုင်ငံ​ရေး​ အကျဉ်း​သား​တချို့​ ​ထောင်ထဲမှာ ကျန်​နေ​သေး​တာကိုလည်း​ ကျမတို့​ ​မေ့​ထား​လို့​ မဖြစ်ပါဘူး​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013