မက္ကဆီကို ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကွန်ကရစ်ကြမ်းခင်းပြားပြိုကျ၊ အနည်းဆုံး ၆ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
530
မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးက ကားရပ်နားရာအဆောက်အဦ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ဧပြီ ၁၀ ရက်နေ့က အလုပ်သမားတွေအပေါ် ကွန်ကရစ်ကြမ်းခင်းပြား ပြိုကျခဲ့ပါတယ်။
ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရတယ်လို့ ဒေသခံ မီးသတ်ဌာနက အစီရင်ခံပါတယ်။
မက္ကဆီကို မြို့တော် အနောက်ပိုင်းက အခင်းဖြစ်ရာ နေရာရဲ့ အပျက်အစီးတွေအောက်မှာ လူတွေပိတ်မိနေဆဲလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
အပျက်အစီးတွေအောက်ကလူတွေရှာဖို့ ရဲခွေးတွေကို တာဝန်ချထားတယ်လို့ မြို့တော် အရပ်ဘက် ကာကွယ်ရေးဝန်ကြီး ဖောက်စ်တို လူဂိုက ပြောပါတယ်။
အပျက်အစီးတွေအောက်က ပိတ်မိလုပ်သားတွေကို ကယ်ထုတ်ဖို့ မီးသတ်သမားတွေနဲ့ လူနာတင်ကားအဖွဲ့တွေ ကူညီနေပုံကို မက္ကဆီကို မီဒီယာတွေက ပြသနေပါတယ်။
ဘယ်လိုကိစ္စကြောင့် ကွန်ကရစ်ကြမ်းခင်းပြား ကျွံဝင်ပြိုကျတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။