A d v e r t i s e m e n t With Us

အမေရိကန်တွင် မူလတန်းကျောင်းကို သေနတ်သမားပစ်ခတ်၊ ၂ ဦး သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စန်ဘာနာဒီနိုမြို့မှာ ဧပြီ ၁၀ ရက် မနက်က မူလတန်းကျောင်းကို သေနတ်သမားတဦး ပစ်ခတ်ခဲ့လို့ ဆရာမတဦးနဲ့ ၈ နှစ်အရွယ် ကျောင်းသားတဦး သေဆုံးပါတယ်။ သေနတ်သမားက မြောက်ပိုင်းဥယျာဉ် မူလတန်းကျောင်းထဲက စာသင်ခန်းထဲကို မနေ့မနက်က လမ်းလျှောက်ဝင်လာခဲ့ကာ ဆရာမတဦးကို အရင်ပစ်သတ်ပြီး ကျောင်းသား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရ ကျောင်းသားတဦးက ဆေးရုံမှာ သေဆုံးခဲ့ပြီး နောက်တဦးကလည်း အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ သေနတ်သမားဟာ စီးဒရစ် အန်ဒါဆန်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် သူ့ကိုယ်သူ ပစ်သတ်သွားခဲ့ပါတယ်။ အပစ်ခံရတဲ့ ဆရာမကတော့ ပစ်ခတ်သူရဲ့ ကွဲနေတဲ့ ဇနီးဟောင်း ဖြစ်တယ်လို့ ရဲစုံစမ်းစစ်ဆေးမှူးက ဆိုပါတယ်။ အသက် ၅၃ နှစ်အရွယ် ဇနီးမောင်နှံကြား အိမ်တွင်းရေး အငြင်းပွားမှုကြောင့် အကြမ်းဖက် လူသတ်မှု ဖြစ်ရတယ်လို့ ယုံကြောင်း ရဲတွေက ပြောပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကျောင်းကို ၂ ရက် ပိတ်ထားမှာပါ။ ခုထိတော့ ကျောင်းသား အယောက် ၆၀၀ လောက်ကို သူတို့မိဘတွေက အိမ်ကို ပြန်ခေါ်သွားပါပြီ။ ကလေးတချို့က သွေးပျက်စရာဖြစ်ရပ်ကို မြင်အပြီး စိတ်ပိုင်းဆိုင်ရာ အကြံပေးပံ့ပိုးမှု လိုအပ်နေတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up