A d v e r t i s e m e n t With Us

သမ္မတဦးထင်ကျော်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံစဉ် မြစ်ဆုံကိစ္စဆွေးနွေး

တရုတ်နိုင်ငံကို ၆ ရက်တာ ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေတဲ့ သမ္မတ ဦးထင်ကျော်ဟာ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ် မြစ်ဆုံဆည်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်အစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က "မြစ်ဆုံဆည်ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အခြေခံအရေးကြီး သဘောတူညီတဲ့ အနေအထား တခုအထိ ရှိထားပါတယ်။ မြန်မာအစိုးရကနေပြီး မြစ်ဆုံဆည်ကို ရပ်ဆိုင်းခံထားခဲ့တာ အခုဆို ၅ နှစ်ကျော်၊ ၆ နှစ် နီးပါး ရှိသွားပါတယ်။ ဆည်ကိစ္စနဲ့ ပတ်သက်လို့ တရုတ်-မြန်မာ နှစ်ဦးနှစ်ဘက် အကျိုးရှိစေမယ့် နည်းလမ်းနဲ့ ရှေ့ဆက်နိုင်ဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်စေမယ့်၊ အထောက်အကူပြုမယ် သဘောတူညီချက်ကို ချမှတ်သင့်ပါတယ်" လို့ ပြောပါတယ်။ သမ္မတ ဦးထင်ကျော်နဲ့ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဓာတ်ငွေ့ပိုက်လိုင်းအပါအ၀င် သဘောတူညီချက် ၉ ခုကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပါတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up