A d v e r t i s e m e n t With Us

တရားခံများ အကျဉ်းထောင် ပြန်ပို့စဉ် အချုပ်ကားဖောက်ထွက်ပြေးမှု ဖြစ်ပွား

  နေပြည်တော်၊ ပျဉ်းမနား အချုပ်စခန်းကနေ ရမည်းသင်းအကျဉ်းထောင်ကို တရားခံတွေ ပြန်လည် ပို့ဆောင်နေစဉ်မှာ တရားခံ ၂ ဦးက အချုပ်ကား ဖောက်ထွက်ပြေးမှု ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပေါ် ခဲ့ပါတယ်။ ဧပြီ ၁၀ ၇က် မနက် ၇ နာရီ ၄၀ မိနစ်က ရမည်းသင်းအကျဉ်းထောင်ကို တရားခံ ၉၄ ဦး ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင်အမှတ် ၂၇၅ အရောက်မှာ အချုပ်ကား သံဇကာကိုဖောက်ပြီး ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတရားခံပြေး ၂ ဦးဟာ တပ်ကုန်းမြို့မရဲစခန်း(ပ) ၂၀၀/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အမှု တရားခံ အသက်(ခ) ဇော်မျိုး (ခ) ကုလားနဲ့ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း (ပ)၁၁၇/၁၇၊ (ပ)၁၁၈/၁၇၊ (ပ)၁၂၂/၁၇၊ (ပ)၁၂၃/၁၇၊ (ပ)၁၂၄/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အမှုနဲ့ တရားခံ ငြိမ်းချမ်းအောင်(ခ) သီဟ တို့ဖြစ်ပါတယ်။ တရားခံတွေ ထွက်ပြေးမှုဟာ ဧပြီလ ၈ ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနား အချုပ်စခန်းက တရားခံ ၂ ဦး ထွက်ပြေးမှုဖြစ်ပေါ်ခဲ့သေးပါတယ်။  

A d v e r t i s e m e n t With Us

More News
Up