နေပြည်တော်တွင် သရက်သီးအနှစ်စက်ရုံတည်ဆောက်ပြီး တောင်ကိုရီးယားသို့ တင်ပို့မည်

727
နေပြည်တော်မှာ သရက်သီးအနှစ်စက်ရုံတည်ဆောက်ပြီး တောင်ကိုရီးယားနိုင်ငံကို တင်ပို့သွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ သရက် စိုက်ပျိုးရေးနဲ့ နည်းပညာ အစုအဖွဲ့က သတင်းရရှိပါတယ်။
စစ်ကိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် စတဲ့ ဒေသထွက်သရက်သီးတွေကို နေပြည်တော်မှာ အနှစ်ပြုလုပ်ပြီး ကိုရီးယားက ရသလောက် ၀ယ်ယူဖို့ ရှိနေတယ်လို့ ပြောပါတယ်။
စက်ရုံတည်ဆောက်မှုပြီးစီးပြီး ဒီနှစ်ပိုင်းမှာ စမ်းသပ်တင်ပို့တော့မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အရင်နှစ်တွေက တော့ သရက်သီးကို တရုတ်နိုင်ငံကို အဓိက တင်ပို့ပြီး ဒီနှစ်ပိုင်းတွေ မှာဈေးကွက် ချဲ့ထွင်လာတာဖြစ်ပါတယ်။