ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 10, 2017
ရွှေသခွားမွှေးသီး
မူဆယ်ကုန်စည်ဒိုင်မှာ ရွှေသခွားမွှေးသီး က ငွေကျပ် ငါးသောင်းကျော် တက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ဆယ်သိန်းငါးသောင်းဈေးရှိပါတယ်။
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ဒီနေ့မှာ တစ်တန်ကို ဆယ်သိန်းခုနှစ်သောင်းလေးထောင့်ငါးရာ ပေါက်ဈေးရှိပြီး တစ်တန်ကို ငွေကျပ ၄၅၀၀ ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံ ကတော့ တစ်တန်ကို ငွေကျပ် ငါးထောင် ဈေးကျသွားပြီး ဒီနေ့ပေါက်ဈေးက ခုနှစ်သိန်း သုံးသောင်းငါးထောင် ရှိပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက တစ်ပိဿာကို ငွေကျပ် ၁၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ငါးထောင့်ခြောက်ရာ ရှိပါတယ်။
ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ တစ်ပိဿာကို နှစ်ထောင့်ကိုးရာ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၁၀၀ ဈေးကျဆင်း သွားပါတယ်။
ပဲကြီး
ပဲကြီးက ဒီနေ့မှာ တစ်ပိဿာကို ငွေကျပ် ၉၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက တစ်ထောင့်ကိုးရာငါးဆယ် ရှိပါတယ်။
ပြောင်း
လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက တစ်ပိဿာကို ငွေကျပ် တစ်ဆယ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက သုံးရာ့နှစ်ဆယ် ရှိပါတယ်။
စွန်တာ
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ စွန်တာ က တစ်တင်းကို ငွေကျပ် ၃၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက တစ်သောင်းရှစ်ထောင့်သုံးရာ ပေါက်ဈေးရှိပါတယ်။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း -AMIA