A d v e r t i s e m e n t With Us

ဖလော်ရီဒါပြည်နယ်ရှိ ဈေးဝယ်စင်တာတခုတွင် ပစ်ခတ်မှုဖြစ်၊ လူ ၂ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကိုရယ် ဂါဘယ်လ်မြို့မှာ ဧပြီ ၈ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် လူ ၂ ဦး ဒဏ်ရာရပြီး သေနတ်သမားကိုတော့ ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ကိုရယ် ဂါဘယ်လ်မြို့ဟာ နာမည်ကြီး မိုင်ယာမီကမ်းခြေအနီးမှာ တည်ရှိပြီး မိုင်ယာမီအနီးက ဈေးဝင်စင်တာတခုမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေနတ်သမားဟာ ဈေးဝယ်စင်တာရှိ Equinox Fitness Club ထဲကို ရုတ်တရက်ဝင်လာပြီး ပစ်ခတ်ခဲ့တဲ့အတွက် လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီ့အတွက် လုံခြုံရေးတပ်ဖွဲ့က သေနတ်သမားကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ သေနတ်သမားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကိုတော့ မိုင်ယာမီရဲတပ်ဖွဲ့က ချက်ချင်း သတင်းထုတ်ပြန်တာမျိုး မရှိသေးကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up