A d v e r t i s e m e n t With Us

ပုဇွန်တောင်တွင် စိတ်ဖောက်ပြန်နေသည့် အမျိုးသမီး တိုက်ပေါ်က ခုန်ချ၊ ရဲက ကူညီကယ်ဆယ်

ပုဇွန်တောင်မြို့နယ်မှာ စိတ်ဖောက်ပြန်နေတဲ့ အမျိုးသမီးတဦး တိုက်ပေါ်မှ ခုန်ချခဲ့တာကို ရဲတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းရှိ တိုက်ခန်းရဲ့ ဒုတိယထပ်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးဟာ မနေ့ညက ဓားအတို ၁ လက်ကိုင်ပြီး တိုက်နောက်ဘက်ပြူတင်းပေါက်ကနေ စိတ်ဖောက်ပြန်ကာ ခုန်ချခဲ့တာကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိချိန်မှာ မနွယ်နီဝင်း ၂၃ နှစ်ဟာ တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်နေတာကို တွေ့ရလို့ ရဲတပ်ဖွဲ့ဝင်တွေက မွေ့ယာနဲ့ ဖော့တုံးတွေ ခင်းကျင်းပြင်ဆင်ပြီး စောင်အစွန်းတွေကို ကိုင်ဆောင်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ အဆိုပါ အမျိုးသမီးဟာ ၈ နာရီ ခွဲ လောက်မှာ တိုက်ပေါ်က ခုန်ချခဲ့တာပါ။ ထိုအမျိုးသမီးမှာ တိုက်ပေါ်က ခုန်ချခဲ့ပေမယ့် ဒဏ်ရာတစုံတရာ မရရှိဘဲ အမျိုးသမီးကို ဆေးကုသနိုင်ဖို့ လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up