DVB Logo
Home
မြန်မာသတင်း
အသနား​ခံစာပယ်ချသည့်​ စာအ​ပေါ် ​ရွှေညဝါဆရာ​တော် အံ့​ဩ
DVB
·
January 16, 2012
အသနား​ခံစာပယ်ချသည့်​ စာအ​ပေါ် ​ရွှေညဝါဆရာ​တော် အံ့​ဩ
Donate to DVB

သာဓု​ကျောင်း​တိုက်မှာ ဆက်လက် သီတင်း​သုံး​ခွင့်​နဲ့​ သာသနာပြုလုပ်ငန်း​တွေ ဆက်လက်လုပ်ကိုင်ခွင့်​ပြုဖို့​ အသနား​ခံစာကို ပယ်ချလိုက်တာနဲ့​ ပတ်သက်ပြီး​ ခုလို အချိန်မျိုး​မှာ မဖြစ်သင့်​ဘူး​လို့​ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟက မိန့်​ကြား​ပါတယ်။

[caption id="attachment_18905" align="alignright" width="300" caption="ရွှေညဝါဆရာတော် ဦးပညာသီဟ"][/caption]

ဆရာ​တော်ရဲ့​ အသနား​ခံစာကို ရန်ကုန်တိုင်း​ သံဃာ့​မဟာနာယကအဖွဲ့​က ၂ဝ၁၂ ဇန်နဝါရီ ၁၃ ရက်​နေ့​က အ​ကြောင်း​ ပြန်ခဲ့​တဲ့​ထဲမှာ “သာဓု​ကျောင်း​တိုက် (​ရွှေညဝါ ဆရာ​တော်) မှ တင်ပြလာခြင်း​နှင့်​စပ်လျဉ်း​၍ ဆဋ္ဌအကြိမ် နိုင်ငံ​တော် သံဃာမဟာနာယကအဖွဲ့​ ၄၇ ပါး​စုံညီ ပန္နရသမ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်ပါ အတိုင်း​သာ ​ဆောင်ရွက်​ရေး​ ညွှန်ကြား​ရန်” လို့​ ​ဖော်ပြပါရှိခဲ့​ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ အံ့​ဩမိတဲ့​အ​ကြောင်း​ ဆရာ​တော်က အခုလို မိန့်​ကြား​ပါတယ်။

“သမ္မတကြီး​ ဦး​သိန်း​စိန်တို့​ သူရဦး​ရွှေမန်း​တို့​ ဒကာကြီး​တွေက ​ရှေ့​သို့​ဆိုပြီး​တော့​ ဒီမိုက​ရေစီ ​ရောင်ခြည်​တွေကို သူတို့​ကိုယ်တိုင်လည်း​ ထွန်း​ညှိပြီး​တော့​ ​ရှေ့​သို့​ဆိုပြီး​ လက်တွဲညီညာစွာနဲ့​ တိုင်း​ရင်း​သား​ပြည်သူ​တွေ အား​လုံး​ဝိုင်း​ဝန်း​ပြီး​ ပူး​ပေါင်း​ဆောင်ရွက် ​လျှောက်လှမ်း​ကြပါစို့​လို့​ ​ပြော​နေတဲ့​ အချိန်အခါမျိုး​မှာ ဒါမျိုး​က မဖြစ်သင့်​တဲ့​ ကိစ္စကြီး​။ အန်အယ်လ်ဒီနဲ့​ သံဃာ​တော်​တွေနဲ့​ကို ဘယ်လိုဖြစ်​စေချင်တယ်ဆိုတာ စိတ်​စေတနာ ဆိုး​သလား​ ​ကောင်း​သလား​ဆိုတာ ထင်ရှား​နေပြီ​လေ။ ကျုပ်တို့​က လွတ်လပ်စွာ အထိုက်အ​လျောက်​တော့​ ​ပြောဆိုပိုင်ခွင့်​ ရှိလာပြီလို့​ထင်လို့​ ဒါ​လေး​တွေက သိပ်ကြီး​မား​တဲ့​ အပြစ်မဟုတ်ဘူး​ဆိုပြီး​ ​ပြောမိတာပါ။ ဒါကိုအပြစ်လို့​ ​ပြောလို့​လည်း​ ကျုပ်အသနား​ခံစာထဲမှာ ဘာမှ​စောဒက မတက်ပါဘူး​။ တပည့်​တော် ​ကျောင်း​တိုက်မှာ တပည့်​တော် ပြန်လည်​နေထိုင်ခွင့်​နှင့်​ သာသနာပြု အခွင့်​အလမ်း​များ​ကို ​ပေး​သနာ​တော်မူပါ။ ဒါ​လေး​ပဲ ​လျှောက်ထား​ပြီး​တော့​ အသနား​ခံစာ တင်ပြတာကို ပယ်ချတယ်လို့​ဆို​တော့​ အဲဒီမှာ အံ့​ဩစရာကြီး​ ဖြစ်​နေတယ်။”

အ​ကြောင်း​ကြား​စာကို ဆရာ​တော် ထိုင်း​နိုင်ငံက ပြန်မယ့်​ ဇန်နဝါရီလ ၁၃ ရက်​နေ့​မှာ ​ပေး​ပို့​ခဲ့​တာဖြစ်ပြီး​ စာထုတ်တဲ့​ ရက်စွဲက ဇန်နဝါရီ ၃ ရက် ဖြစ်တာမို့​ ဒီအချက်​ပေါ်လည်း​ သံသယဖြစ်မိတဲ့​အ​ကြောင်း​ မိန့်​ပါတယ်။

“ကျုပ်ကို ဒီလို နှိပ်ကွပ်တဲ့​စာမျိုး​ကို နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်တဲ့​နောက်က​နေ ​မျှောထုတ်လိုက်တာက ဒါကလည်း​ မရိုး​သား​ဘူး​လို့​ ထင်တာပဲ​လေ။ ခုထိ​တော့​ ကျုပ်လည်း​ စိတ်​ကောင်း​နှလုံး​ကောင်း​ နား​လည်မှုကြီး​ကြီး​နဲ့​ ထား​နေဆဲပါပဲ။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်တဲ့​ကိစ္စက ပြည်တွင်း​ပြည်ပမှာ ​တော်​တော်လှုပ်ခတ်ပြီး​တော့​ ကြည်နူး​ဝမ်း​သာပြီး​ သမ္မတကြီး​ ဦး​သိန်း​စိန်တို့​ အစိုး​ရအ​ပေါ်မှာ အား​လုံး​က နား​လည်မှု​တွေ ​တော်​တော်​လေး​ ​ကောင်း​တဲ့​ဘက်ကို ​ရွေ့​လျား​လာပြီး​တော့​ ​တော်​တော်​လေး​ ​ကျေး​ဇူး​တင်တဲ့​စကား​တွေ ​ပြောပြီး​ ဝမ်း​မြောက်​နေကြတဲ့​အချိန်​လေ။”

ဆရာ​တော်အ​နေနဲ့​ နိုင်ငံ​တော်သံဃာ့​မဟာနာယက ဆရာ​တော်ကြီး​တွေကို အကြည်ညိုမပျက်ရှိ​နေပြီး​ အခု ကိစ္စဟာ ​နောက်ကွယ်မှာ အရိပ်မည်း​တခု ရှိ​နေတယ်လို့​လည်း​ မိန့်​ပါတယ်။

ဆရာ​တော် ထိုင်း​နိုင်ငံကို မထွက်ခွာမီ နိုင်ငံ​တော်သံဃာ့​မဟာနာယက ဆရာ​တော်​တွေထံ ချဉ်း​ကပ်ပြီး​ စုံစမ်း​ခဲ့​စဉ်အခါက လာမယ့်​ မတ်လထဲ ကျင်း​ပမယ့်​ ၄၇ ပါး​ စုံညီစည်း​ဝေး​ကျမှ စဉ်စား​ဆုံး​ဖြတ်​တော်မူမယ်လို့​ သိခဲ့​ရပြီး​ အခု​တော့​ စာထွက်လာတာပါ။

ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း​ မန္တ​လေး​မြို့​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ တရား​ဟောလို့​ ဆိုပြီး​ ​ရွှေညဝါဆရာ​တော်ကို သာဓု​ကျောင်း​တိုက်က ဖယ်ရှား​ဖို့​၊​ ​ကျောင်း​တိုက်တွင်း​ ဘယ်လိုသင်တန်း​မျိုး​မှ မပြုလုပ်ဖို့​ နိုင်ငံ​တော်သံဃာ့​မဟာနာယကအဖွဲ့​က ဒီဇင်ဘာလထဲမှာ အ​ကြောင်း​ကြား​စာ ​ပေး​ပို့​ခဲ့​တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013