င၀န်မြစ်အတွင်း စက်လှေတိုက်မှု သေဆုံးသူအရေတွက် တိုးလာ (ရုပ်သံ)
DVB
·
April 9, 2017
ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကျောက်တင် သင်္ဘောနဲ့ စက်လှေတိုက်မှုမှာ သေဆုံးသူအရေအတွက် ထပ်မံတိုးပွားလာနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၀ ဦး ထိရှိလာပါတယ်။
ဧပြီ ၇ ရက်နေ့မှာ ကနဦး ထုတ်ပြန်ချက်အရ သေဆုံးသူ ၂၀ ဦးရှိရာကနေ ၈ ရက်နေ့ ညနေပိုင်းမှာ ရုပ်အလောင်း ၁ လောင်းနဲ့ ၉ ရက်နေ့မနက်ပိုင်းမှာ ရုပ်အလောင်း ၉ လောင်း ထပ်မံတွေ့ရှိတဲ့အတွက် ၉ ရက်နေ့ နံနက် ၁၂ နာရီအထိ အယောက် ၃၀ အထိရှိလာပါတယ်။
စာရင်းအရတော့ ပျောက်ဆုံးသူ အရေအတွက်ပြည့်ပြီလို့ဆိုပါတယ်။ မနေ့ကတော့ ရုပ်အလောင်း ၁၉ လောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီး တစ်လောင်းကိုတော့ နေရပ်ပြန်သယ်ခဲ့ပါတယ်။
ရေယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး စက်လှေမောင်းနဲ့ ကျောက်သယ်သင်္ဘာမာလိန်တို့ကို အမှုဖွင့်လှစ်ထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စုံစမ်းစစ်ဆေးရးကော်မတီဖွဲ့ပြီး စစ်ဆေးနေပါတယ်။
သတင်းနှင့်ရုပ်သံ - သော်ဇင်မျိုး