DVB Logo
Home
မြန်မာသတင်း
ရဲက ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​သဖြင့်​ ​ကျောင်း​သား​တဦး​ ​သေဆုံး
DVB
·
January 16, 2012
Donate to DVB

ပြည်မြို့​က ရဲတပ်ဖွဲ့​ဝင်နှစ်ဦး​က ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​တဲ့​အတွက် အသက် ၁၅ နှစ်အရွယ် ​ကျောင်း​သား​တဦး​ ​သေဆုံး​သွား​ပြီး​ တဦး​ ဒဏ်ရာအပြင်း​အထန်နဲ့​ ​ဆေး​ရုံ ပို့​ထား​ရတယ်လို့​ မိသား​စုဝင်​တွေနဲ့​ မျက်မြင်သက်​သေ​တွေက ​ပြောပါတယ်။

သေဆုံး​သွား​တဲ့​ ​မောင်​ကောင်း​ဆက်ပိုင်ဟာ ပြည်အမှတ် (၁) ​ကျောင်း​က တက္ကသိုလ်ဝင်တန်း​ ​ကျောင်း​သား​တဦး​ဖြစ်ပြီး​ ဇန်နဝါရီ ၃ ရက်​နေ့​က ​မောင်​ကောင်း​ဆက်ပိုင်နဲ့​ သူငယ်ချင်း​ တဦး​တို့​ စီး​လာတဲ့​ ဆိုင်ကယ်​နောက်က ရဲတပ်ဖွဲ့​ဝင်နှစ်ဦး​က ဆိုင်ကယ်နှင့်​ လိုက်ဖမ်း​စဉ်မှာ အသက် ​သေဆုံး​တဲ့​အထိ ဖြစ်သွား​တာပါ။

အခင်း​ဖြစ်တဲ့​ မနက်က အဖြစ်အပျက်နဲ့​ပတ်သက်လို့​ ဖခင် ဦး​ဝေအုန်း​က “ကျ​နော့်​သား​လေး​ အဲဒီ​နေ့​က သူငယ်ချင်း​အချင်း​ချင်း​ ရန်ဖြစ်ကြတယ်လို့​ ​ပြောပါတယ်။ ကျ​နော့်​သား​က သူတို့​ဖြစ်ပြီး​မှ ​ရောက်သွား​ပြီး​တော့​ ဖျန်​ဖြေပါတယ်။ ၃ ရက်​နေ့​ မနက်ခင်း​မှာ ရဲကအိမ်ကို လာပါတယ်။ သက်​သေလိုချင်လို့​ပါလို့​ ​ပြောတယ်။ ရဲက​တော့​ အဲဒီထဲမှာ ကျ​နော့်​သား​ မပါဘူး​လို့​ ​ပြောပြီး​ ပြန်ထွက်သွား​တယ်။ သူလည်း​ထွက်သွား​ပြီး​ မိနစ် ၂၀ ​လောက်အကြာမှာ ကျ​နော့်​သား​ သူငယ်ချင်း​တွေ လာ​ပြောပါတယ်။ ​ကောင်း​ဆက်ပိုင် ဆိုင်ကယ်​မှောက်လို့​ဆိုပြီး​ ​ဆေး​ရုံလိုက်သွား​တော့​ ​ဆေး​ရုံမှာ အသက်မမီ​တော့​ပါဘူး​” လို့​ ​ပြောပါတယ်။

ပြည်မြို့​ စည်​တော်မင်္ဂလာရပ်ကွက်နှင့်​ ပြည်ရတနာလမ်း​ကြား​ထဲက ရထား​လမ်း​ဘေး​မှာ ဖြစ်ခဲ့​တဲ့​ အဖြစ်အပျက်ကို ​တွေ့​ခဲ့​ရတဲ့​ မျက်မြင်သက်​သေတဦးက​ အခုလို ​ပြောပါတယ်။

“ကျမတို့​ လင်မယား​နှစ်​ယောက် ​ဘေး​က​နေ ဆိုင်ကယ်ဖြတ်​မောင်း​သွား​တာကို မြင်လိုက်တာ။ ​တော်​တော်ပြင်း​တယ်။ ဖြတ်​မောင်း​သွား​တာ ကြည့်​တော့​လည်း​ က​လေး​ ၂ ​ယောက်က ​မောင်း​တယ်။ ​နောက်ကလည်း​ ၆ ​ပေ၊​ ၇ ​ပေ​လောက် အကွာမှာ ဆိုင်ကယ်တစီး​က အပြင်း​အထန် လိုက်လာတယ်။ ​နောက်ဆိုင်ကယ်က ​ရှေ့​ဆိုင်ကယ်ကို မှီလာတယ်။ ​နောက်က​နေ ​ရှေ့​ဆိုင်ကယ်က ​နောက်ဘက်မှာ ထိုင်​နေတဲ့​ကောင်​လေး​ကို ပခုံး​က​နေ လှမ်း​ဆွဲချ​တော့​ ​နောက်က​ကောင်​လေး​ ပြုတ်ကျသွား​တယ်။ ​နောက်က​ကောင်​လေး​က​တော့​ ပြုတ်ကျသွား​ပြီ။ အဲဒီအချိန်မှာ တဘက်က ​နောက်ကလိုက်လာတဲ့​ ဆိုင်ကယ်က ပိတ်ကန်လိုက်တာ။ အဲ့​လိုကန်လိုက်​တော့​ လူက​အောက်က ဆိုင်ကယ်က အ​ပေါ်က ပိလဲသွား​တယ်။ ပထမ​တော့​ ရဲ​တွေဘာ​တွေလို့​ မ​တွေး​မိဘူး​။ သူကလည်း​ ယူနီ​ဖောင်း​နဲ့​မဟုတ်ဘူး​လေ။ ဆိုယ်ကယ်​အောက်က က​လေး​ကို လူ​တွေ​ရောက်လာပြီး​ ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီး​ အဲဒီက​လေး​ကို လက်ထိပ်ခတ်လိုက်တယ်။ အဲဒီကျ​တော့​မှ ရဲဆိုတာ သိလိုက်တာ။”

ဒဏ်ရာနဲ့​ လဲ​နေတဲ့​ ​မောင်​ကောင်း​ဆက်ပိုင်ကို ရဲက လက်ထိတ်ခတ်ပြီး​ တရွတ်တိုက် ဆွဲ​ခေါ်သွား​တဲ့​ မြင်ကွင်း​ကိုလည်း​ မျက်မြင်သက်​သေက အခုလို ​ပြောပါတယ်။

“အဲဒီက​လေး​ကို လက်ထိတ်ခတ်၊​ ဒရွတ်တိုက်ပြီး​ဆွဲသွား​တယ်။ အဲဒီအချိန်မှာ နား​ထဲက​သွေး​တွေ မတရား​ထွက်​နေပြီ။ အသက်က ဆန့်​ငင်ဆန့်​ငင် ဖြစ်​နေပြီ။ ​လေး​ငါး​တောင်​လောက် အကွာကို ဆွဲ​ခေါ်သွား​ပြီး​မှာ ဝိုင်း​ကြည့်​နေတဲ့​သူ​တွေက ဝိုင်း​ပြော​တော့​မှ လက်ထိပ်ကိုဖြုတ်​ပေး​လိုက်တယ်။ ပြီး​တော့​ တဖက်က ပြုတ်ကျန်ခဲ့​တဲ့​ က​လေး​က ထွက်​ပြေး​ရင်း​ ဖွဲပုံထဲမှာ ​ခေါင်း​စိုက်​နေတယ်။ အဲဒီက​လေး​ကို ကုတ်က​နေကိုင်ပြီး​ ဒရွတ်တိုက် ဆွဲ​ခေါ်လာတာကို မြင်လိုက်တယ်။”

မောင်​ကောင်း​ဆက်ပိုင်ကို ​ဆေး​ရုံပို့​ဖို့​ ဆိုက်ကား​နဲ့​အသွား​ လမ်း​မှာပဲ ​သေဆုံး​သွား​တယ်လို့​ မျက်မြင်သက်​သေ​တွေက ​ပြောပါတယ်။

မောင်​ကောင်း​ဆက်ပိုင်ဟာ လဲကျသွား​တဲ့​အချိန်မှာ ​ဘေး​မှာရှိတဲ့​ ​ကျောက်တုံး​နဲ့​ ဦး​ခေါင်း​ ပြင်း​ပြင်း​ထန်ထန် ခိုက်မိပုံရတယ်လို့​ မျက်မြင်​တွေက ဆိုပါတယ်။

မောင်​ကောင်း​ဆက်ပိုင်ရဲ့​ သူငယ်ချင်း​က​တော့​ ​လော​လောဆယ် ပြည်​ဆေး​ရုံကြီး​မှာ ဒဏ်ရာအပြင်း​အထန်နဲ့​ အသည်း​ကို နံရိုး​စိုက်ဝင်​နေတဲ့​အတွက် ခွဲစိုက်ကုသမှု ခံယူ​နေရတယ်လို့​ ​ဆေး​ရုံမှာ သွား​ကြည့်​ခဲ့​တဲ့​ မိသား​စုဝင် တဦး​က ​ပြောပါတယ်။

မျက်မြင်​တွေရဲ့​ အဆိုအရ ​မောင်​ကောင်း​ဆက်ပိုင်တို့​ကို လိုက်ဖမ်း​ဖို့​ ကြိုး​စား​သူက ပြည်အမှတ် ၂ ရဲစခန်း​က ရဲတပ်ကြပ် သဲ​မောင်​မောင် နဲ့​ ​နောက်တဦး​ဖြစ်တယ်လို့​ သိရပါတယ်။

ဒီကိစ္စကို မိသား​စုက ရဲစခန်း​မှာ သွား​ရောက်စုံး​စမ်း​တော့​ စခန်း​မှူး​က ​မောင်​ကောင်း​ဆက်ပိုင်အတွက် ဝမ်း​နည်း​ကြောင်း​ပြောပြီး​ ဘယ်လို အ​ရေး​ယူ ​ဆောင်ရွက်မယ်ဆိုတာကို ရှင်း​မပြခဲ့​ဘူး​လို့​ ​မောင်​ကောင်း​ဆက်ပိုင်ရဲ့​ ဖခင်က ​ပြောပါတယ်။

ဒီဗွီဘီက ရဲစခန်း​ကို တယ်လီဖုန်း​ကတဆင့်​ စုံစမ်း​တဲ့​အခါမှာလည်း​ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ​လော​လောဆယ် ဘာမှ မ​ပြောနိုင်​သေး​ဘူး​လို့​ တာဝန်မှူး​က ပြန်​ဖြေပါတယ်။

မောင်​ကောင်း​ဆက်ပိုင်ရဲ့​ အမှုကို လိုက်ပါ​ဆောင်ရွက်​ပေး​မယ့်​ ​ရှေ့​နေက​တော့​ ဒီကိစ္စကို လူ​သေမှု၊​ သို့​မဟုတ် လူသတ်မှု စွဲချက်​တွေနဲ့​ တရား​စွဲဖို့​ရှိတယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013