Home မြန်မာသတင်း ဦးခင်ညွန့်နှင့် ကိုဇာဂနာ တွေ့ဆုံ
ဦးခင်ညွန့်နှင့် ကိုဇာဂနာ တွေ့ဆုံ
ရွှေအောင်
·
January 16, 2012
zaganar & kin nyunt1 zaganar & kin nyunt1 သရုပ်ဆောင် ဒါရိုက်တာ ကိုသူရ ခေါ် ဇာဂနာနဲ့ မကြာခင်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ တွေ့ဆုံကြတာဟာ ကိုယ်ရေးကိုယ်တာ တွေ့ဆုံမှုမျိုး ဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး ကိစ္စနဲ့ မပတ်သက်ဘူးလို့ ကာယကံရှင် ကိုသူရက ပြောပါတယ်။
“ကျနော် ထောင်ကလွတ်လာတုန်းက ကျနော်ကိုယ်တိုင်က ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း လွှတ်ပေးသင့်ပါတယ်လို့ သမ္မတကို တောင်းဆိုခဲ့တယ်။ အဲဒါကိုလည်း သူ့အနေနဲ့ appreciate လုပ်တဲ့သဘောနဲ့ ကျနော့်ကို တွေ့ချင်ပါတယ်ဆိုပြီး အကြောင်းကြားလာတဲ့အတွက် သွားတာဖြစ်ပါတယ်။”
ဦးခင်ညွန့်နဲ့ သွားရောက်တွေ့ဆုံရာမှာ ဇာဂနာနဲ့အတူ ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီးနဲ့ ကြည်ဖြူသျှင်တို့ ပါဝင်ခဲ့ကြပြီး သူတို့ကလည်း ကိုယ်ရေးကိုယ်တာ သဘောမျိုး လိုက်လံတွေ့ဆုံခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက် သောကြာနေ့က နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဦးခင်ညွန့်ဟာ အကျယ်ချုပ်က လွတ်မြောက်ခါစမှာပဲ ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး အခုလို အနုပညာရှင်တွေနဲ့ မနေ့က တွေ့ဆုံခဲ့တာပါ။
ဆက်စပ်သတင်းများ