Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် တနေ့တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်၊ ၁ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ
DVB
·
April 9, 2017
အမြန်လမ်းမကြီး၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ဒီကနေ့မနက်ပိုင်းက ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ခဲ့လို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဧပြီ ၈ ရက် ဒီကနေ့မနက် ၄ နာရီခွဲလောက်က ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း ရဲမင်းထွန်း မောင်းနှင်လာတဲ့ ဟိုက်ဂျက်ခဲရောင်ယာဉ်ဟာ အမြန်လမ်းမကြီး ၁၃ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြား အရောက်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားတဲ့ ဘလောက်တုံးတွေကိုတိုက်မိပြီး တိမ်းမှောက်သွားခဲ့ပြီး ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိလို့ ဆေးရုံပို့ထားရပါတယ်။ အမှတ် (၃) အမြန်လမ်းမကြီးရဲစခန်းက ယာဉ်မောင်း ရဲမင်းထွန်းကို ပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့မနက် ၇ နာရီခွဲလောက်က အမြန်လမ်းမကြီး၊ ဇီးပင်သာရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၂ မိုင် ၀ ဖာလုံနဲ့ ၁ ဖာလုံအကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း စန်းဇော်ဦး မောင်းနှင်လာတဲ့ တိုယိုတာဖီဒါ ခဲရောင်ယာဉ်ဟာ အမြန်လမ်းမကြီး အနောက်ဘက်မှ အရှေ့ဘက် လမ်းဖြတ်ကူးသူ မောင်ဇင်မင်းထိုက် ၉ နှစ် ကို တိုက်မိခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇီးပင်သာအမြန် လမ်းမကြီးရဲစခန်းက ယာဉ်မောင်းဖြစ်သူ စန်းဇော်ဦးကို လမ်းညွှန်အမှတ်အသားများကို လိုက်နာမှုမရှိတဲ့အတွက်ဇီ(ပ)၁၄၀/၂၀၁၇၊ မော်တော်ယာဉ် ဥပဒေ-၅၆ နဲ့ အရေးယူထားပြီး၊ သေဆုံးသွားသူကိုလည်း တက်ရောက်ခွင့်မရှိတဲ့ အမြန်လမ်းမကြီးပေါ် လမ်းဖြတ်ကူးတဲ့အတွက် ယာဉ်(ပ)၄/၂၀၁၇၊ပြစ်မှုပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေး ယူထား တယ်လို့ သိရပါတယ်။ သားကြီး(တောင်ငူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024