DVB Logo
Home
မြန်မာသတင်း
ပဒိုမန်း​ငြိမ်း​မောင် မကြာမီ ပြန်လွတ်မည်
DVB
·
January 16, 2012
ပဒိုမန်း​ငြိမ်း​မောင် မကြာမီ ပြန်လွတ်မည်
Donate to DVB

အင်း​စိန်​ထောင်တွင်း​ အကျဉ်း​ကျ​နေတဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ပဒိုမန်း​ငြိမ်း​မောင် တပတ်အတွင်း​ လွတ်လာနိုင်တယ်လို့​ ဇန်နဝါရီ ၁၂ ရက်​နေ့​က အစိုး​ရနဲ့​ သွား​ရောက်​ဆွေး​နွေး​ခဲ့​တဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ငြိမ်း​ချမ်း​ရေး​ကော်မတီက ​ပြောပါတယ်။

ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကော်မတီ ကိုယ်စား​လှယ်အဖွဲ့​မှာ ပါဝင်တဲ့​ ပဒို​ဒေး​ဗစ်​ထောက “သူတို့​ ပဒိုမန်း​ငြိမ်း​မောင်ကိုလည်း​ ကျ​နော်တို့​နဲ့​ တခါတည်း​ ​ပေး​လိုက်ဖို့​ပါပဲ။ ဒါ​ပေမယ့်​ ဖြစ်ပုံက အချိန်က နည်း​နည်း​ကပ်ပြီး​တော့​ ရုံး​လုပ်ငန်း​တွေနဲ့​ စာရွက်စာတမ်း​ကိစ္စ​တွေ ရှိတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​အ​နေနဲ့​ တပါတည်း​ ​ခေါ်​ဆောင်လာနိုင်ခဲ့​ခြင်း​ မရှိပါဘူး​။ သူတို့​ အဲဒီစာရွက်စာတမ်း​ ကိစ္စ​တွေ ပြီး​ရင် ကျ​နော်တို့​ကို အ​ကြောင်း​ကြား​ပြီး​တော့​ သူတို့​ ပို့​ပေး​ပါလိမ့်​မယ်။ ကျ​နော်ထင်တယ်၊​ ဒီတပတ်အတွင်း​မှာ ဖြစ်နိုင်ပါတယ်။”

ပဒိုမန်း​ငြိမ်း​မောင်ဟာ ပြီး​ခဲ့​တဲ့​နှစ် ဇူလိုင်လကုန်ပိုင်း​က ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို သွား​ရောက်စဉ် ​ပျောက်ဆုံး​ခဲ့​ပြီး​ မြန်မာနိုင်ငံကို ပြန်လည်ပို့​ဆောင်ခံခဲ့​ရကာ လဝကအမှုနဲ့​ ​ထောင်ဒဏ် ၆ လချခဲ့​ပါတယ်။ ​နောက်ပိုင်း​ ပုဒ်မ (၁၇/၁) မတရား​အသင်း​ အက်ဥပ​ဒေအပါအဝင် အခြား​စွဲချက်​တွေနဲ့​ တရား​စွဲဆိုခံခဲ့​ရပြီး​ အင်း​စိန်​ထောင်မှာ အကျဉ်း​ချခံ​နေရတာဖြစ်ပါတယ်။

[caption id="attachment_14974" align="alignright" width="300" caption="ပဒိုမန်းငြိမ်းမောင်"][/caption]

ပဒိုမန်း​ငြိမ်း​မောင်အမှုကို လိုက်​ပေး​ဖို့​ ပြီး​ခဲ့​တဲ့​အပတ်က ​ရှေ့​နေပါဝါရရှိခဲ့​ကြောင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥ​ပေ​ဒေပြုအဖွဲ့​က ​ရှေ့​နေဦး​အောင်သိန်း​က ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ​ကေအန်ယူ အမြဲတမ်း​ဗဟို​ကော်မတီဝင်ဖြစ်သလို ညီညွတ်​သောတိုင်း​ရင်း​သား​ လူမျိုး​များ​ဖက်ဒရယ်​ကောင်စီရဲ့​ အမှု​ဆောင်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီတပ်​ပေါင်း​စု တွဲဖက်အတွင်း​ရေး​မှူး​လည်း​ ဖြစ်ပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ မဆလ​ခေတ် ၁၉၆၉ ခုနှစ်မှာ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ တသက်တကျွန်း​ ​ထောင်ဒဏ်ချမှတ်ခံရပြီး​ ကိုကိုး​ကျွန်း​မှာ အကျဉ်း​ကျဖူး​ပါတယ်။

အကျဉ်း​ ကျ ​ဖော်နှစ်ဦး​နဲ့​အတူ ​လှေနဲ့​ ပင်လယ်ဖြတ်ပြီး​ ကိုကိုး​ကျွန်း​နဲ့​ မိုင် ၂၅၀ အကွာ မွန်ပြည်နယ် ကမ်း​ခြေကို လွတ်​မြောက်သွား​ပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရစစ်တပ်က ဖမ်း​ဆီး​လို့​ အင်း​စိန်​ထောင်မှာ ၃ နှစ် အကျဉ်း​ကျ တိုက်ပိတ်ခံခဲ့​ရပြီး​ ၁၉၇၃ ခုနှစ်မှာ လွတ်​မြောက်ခဲ့​ပါတယ်။

ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​ကပြုလုပ်ခဲ့​တဲ့​ ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​ ကိုကိုရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ မန်း​ငြိမ်း​မောင်ကို တရား​ ဥပ​ဒေအတိုင်း​ ​ဆောင်ရွက်​နေတယ်လို့​ ​ပြောခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013