ဝမ်ငွေသန်းထောင်ချီ လာဘ်ပေးခဲ့မှုဖြင့် ဆမ်ဆောင်းအုပ်စု အကြီးအကဲကို ရုံးထုတ်စစ်ဆေး

ဓာတ်ပုံ - SeongJoon Cho/Bloomberg
တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို ဝမ်ငွေသန်းထောင်ချီ လာဘ်ထိုးမှုနဲ့ပတ်သက်ပြီး ဆမ်ဆောင်းအုပ်စု အကြီးအကဲ ဂျေးဝိုင်လီကို ဧပြီ ၇ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူအပါအဝင် ဆမ်ဆောင်းအုပ်စု ထိပ်တန်းအရာရှိ ၄ ဦးကို လာဘ်ပေးမှုနဲ့ ပြီးခဲ့တဲ့လကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာပါ။ ပြီးခဲ့တဲ့ အကြိုကြားနာမှုတွေမှာ မစ္စတာလီကိုယ်တိုင် လာရောက်တာမျိုး မရှိပေမယ့် အခု ရုံးချိန်းမှာတော့ ကိုယ်တိုင်လာရောက် အစစ်ဆေးခံတာကို မြင်တွေ့ရပါတယ်။ သမ္မတဟောင်းပတ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ချိုအီစွန်းစီလ်ကတဆင့် သမ္မတဟောင်းပတ်ရဲ့ မူဝါဒတွေကို အောင်မြင်အောင် အကောင်အထည်ဖော်ပေးနေတဲ့ အဖွဲ့အစည်းတွေထံ ငွေကြေးထည့်ဝင်မှု၊ ကုမ္ပဏီရဲ့ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ချိုအီစွန်းစီလ်ရဲ့ သမီးဖြစ်သူ ပညာရေးကို ကူညီပေးခဲ့မှု အပါအဝင် ငွေကြေးဆိုင်ရာ ပြစ်မှုအတော်များများနဲ့ မစ္စတာလီကို  စွဲချက်တင်ထားပါတယ်။ သူ့ကို သာမန်အကျဉ်းထောင်မှာမထားဘဲ သမ္မတဟောင်း ပတ်နဲ့အတူ ထိမ်းသိန်းရေး စခန်းတခုမှာ ဖမ်းဆီးထားပါတယ်။ ဒီအမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတဲ့ သမ္မတဟောင်း ပတ်ရဲ့ မိတ်ဆွေ ချိုအီစွန်းစီလ်ကိုလည်း ဆိုးလ်မြို့ရှိ တခြားတရားရုံးတခုမှာ ဒီကနေ့ တပြိုင်တည်း ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up