Home
မြန်မာသတင်း
လားရှိုးတွင် မိုင်းအန္တရာယ်အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
DVB
·
April 7, 2017
မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးလှုပ်ရှားမှုကို ဒီကနေ့ မနက်က ရှမ်းပြည်နယ် လားရှိုးမြို့ မြို့တော်ခန်းမမှာ ကျင်းပသွားပါတယ်။ ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ  ဦးသော်တာက “အမှန်က နိုင်ငံတကာ မိုင်းလှုပ်ရှားမှုနေ့အဖြစ် ကျင်းပတာ။ သူကတော့ ပြီးခဲ့တဲ့ ၄ ရက်နေ့ကပါ။ ဒီမှာက ၄ ရက်နေ့ နည်းနည်းအခက်အခဲရှိနေလို့ ဒီနေ့ ပြန်ကျင်းပတာပါ။ အဓိကကတော့ ဒီရှမ်းပြည်မြောက်ပိုင်းက မိုင်းဆိုရင် အန္တရာယ်အများဆုံးနေရာ ဖြစ်တယ်။ မိုင်းကွဲမှုတွေကလည်း ဒီရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်တာ များတယ်။ အဲဒါကြောင့် ဒီရှမ်းမြောက်မှာ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာတွေ များပြားပြီးတော့ ထိခိုက်ဆုံးရှုံးမှုတွေ လျော့ကျနိုင်အောင်လို့ ရည်ရွယ်ပြီး လုပ်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီလှုပ်ရှားမှုမှာ မိုင်းအန္တရာယ်လျှော့ချမှု ခေါင်းစဉ်နဲ့ပတ်သက်တဲ့ အမေး အဖြေ၊ ကလေးတွေ ဂိမ်းကစားခြင်း၊ ကလေး ပန်းချီပြိုင်ပွဲတွေ ပြုလုပ်ပြီးတော့ ဆုချီးမြှင့်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ မိုင်းအသုံးပြုသူတွေအနေနဲ့  ဆင်ဆင်ခြင်ခြင်နဲ့ သတိထားပြီးသုံးဖို့နဲ့ မသက်ဆိုင်တဲ့လူတွေ ထိခိုက်မှု မရှိအောင် ဂရုစိုက်ကြဖို့လည်း ဦးသော်တာက တိုက်တွန်းပြောပါတယ်။ “ဒီရှမ်းပြည်မှာဆိုရင် မိုင်းကွဲတဲ့နေရာမှာဆို နံပါတ်၁ပဲ။ ၂ လုံးကွဲရင် ရှမ်းပြည်က ၁ လုံးပဲ။ အဓိကကတော့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံကတော့ မိုင်းနဲ့ပတ်သက်ပြီး လက်မှတ်ထိုးထားတာတော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့အားလုံး မိုင်းသုံးတဲ့နေရာမှာ ဆင်ဆင်ခြင်ခြင်နဲ့ သတိထားပြီးတော့ မသက်ဆိုင်တဲ့လူတွေ ထိခိုက်မှု မရှိအောင် သေချာဂရုစိုက် သုံးစေချင်တယ်။ မဖြစ်မနေ သုံးရရင်တောင်မှပေါ့။ ကမ္ဘာတဝန်းလုံးက စကျင်းပတာက ၂၀၀၅ ကပါ။ ဒါပေမယ့် ဒီမှာတော့ ဒါ ပထမဆုံးအကြိမ်ပဲ” အဲဒီပွဲမှာ ဌာနဆိုင်ရာတွေ၊ လူမှုအသင်းအဖွဲ့တွေကို ဖိတ်ခေါ်ထားပြီး ဒေသခံ ၂၀၀ ဝန်းကျင်လောက် ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းလှုပ်ရှားမှုနေ့ကို နေပြည်တော်နဲ့ ကချင်ပြည်နယ်တွေမှာလည်း ကျင်းပခဲ့ပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024