Home
မြန်မာသတင်း
မြိတ်တွင် ကုန်တင်ရေယာဉ်နှင့် ကင်းမွန်မီးဝိုင်းလှေ တိုက်မိနစ်မြုပ်
DVB
·
April 7, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်ဆိပ်ကမ်း ပထော်တောင်အရှေ့မှာ ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ဘီလပ်မြေတင် ရေယာဉ်နဲ့ ကင်းမွန် မီးဝိုင်း စက်လှေတို့ ဦးခေါင်းချင်း တိုက်မိပြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ပါတယ်။ အမ်ဗွီဝေပုလ္လ အမည်ရှိ သံခွန်အမျိုးအစား ရေယာဉ်ဟာ ထိုင်းငံမှ ဘီလပ်မြေတန် တစ်ထောင်နီးပါးကို တင်ဆောင်ပြီး မြိတ်မြို့၊ ထူးထူးတိုးတိုး ကုမ္ပဏီပိုင် ဆိပ်ခံတံတားမှာ ဘီလပ်မြေတွေ အတင်အချ ပြုလုပ်ဖို့ မြိတ်ဆိပ်ကမ်းအတွင်း လမ်းကြောင်းအတိုင်း မောင်းနှင်လာချိန် မြိတ်တဖက်ကမ်းက မြတ်နိုးသူ ၇၂ ကင်းမွန် မီးဝိုင်လှေက အဆိုပါ ရေယာဉ်အရှေ့ကနေ ကန့်လန့်ဖြတ် မောင်းနှင်လာရာမှာ တိုက်မိခဲ့တာကြောင့် ကင်းမွန်လှေ နစ်မြုပ်သွားခဲ့တာလို့ မြိတ်မြို့မရဲစခန်းရုံးက ပြောပါတယ်။ နစ်မြုပ်မှု ဖြစ်ပွားခဲ့တဲ့ မြတ်နိုးသူ (၇၂) ကင်မွန်မီးဝိုင်းလှေမှာ အလျှား (၅၀ ပေ ၅ လက်မ)နဲ့ အနံ (၁၃ ပေ ၂ လက်မ) ရှိပါတယ်။ ရေယာဉ်ချင်းတိုက်မှုနဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊သတင်းပုံ-ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024