Home
မြန်မာသတင်း
မိုင်းအန္တရာယ်​ရှိဒေသ​​များ၌ စီးပွား​ရေး၊လူမှု​ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်
DVB
·
April 5, 2017
  မြန်မာနိုင်ငံတွင်းက မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ် ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ စီးပွားရေးနဲ့ လူမှုရေးပိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ အတားအဆီးတွေကို လျှော့ပေးဖို့လိုတယ်လို့  ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က ပြောပါတယ်။ ဧပြီ ၄ ရက် မနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိဘားအံဟိုတယ်မှာ ကျင်းပတဲ့ မိုင်းအသိပညာပေးခြင်းနဲ့ မိုင်းဆိုင်ရာ အကူအညီများ နိုင်ငံတကာနေ့ အခမ်းအနားမှာပြောကြားခဲ့ တာပါ။ ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က “ပြည်သူလူထုတွေရဲ့ လုံခြုံမှု၊ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ဘေးကင်းမှုတွေကို ခြိမ်းခြောက်နေတဲ့ မြေမြှုပ်မိုင်းနဲ့ အသုံးပြုပြီး မပေါက်ကွဲသေး တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကို ပြည်သူလူထုတွေ သိနားလည်အောင် မြှင့်တင် ပေးလိုတဲ့ အကြံပြုချက်တွေကြောင့် ဖြစ်ပေါ်လာတာ”လို့ ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးသင်တန်းကို သြဂုတ် ၂၂ ရက်နေ့ကနေ ၂၅ ရက်ထိ ပြည်သူတွေနဲ့ ထိတွေမှုအများဆုံးဖြစ်တဲ့ စိုက်ပျိုးရေး၊ မြေစာရင်း၊ သစ်တော၊ ပြန်ဆက်၊ ပညာရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာနက အရာထမ်း အမှုထမ်း ၆၅ ဦး တက်ရောက်ခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်း မိုင်းကြောင့် ထိခိုက်ခံစားရသူ ၆၉ ဦး၊ အခြားနည်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၀၅ ဦးကို ထောက်ပံ့ကူညီမှုတွေ ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ သံတောင်ကြီးမြို့မှာ VAC Centre အသစ်ကို ဧပြီ ၁၀ ရက်နေ့မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး မိုင်းကြောင့် ထိခိုက်ခံစားနေရသူ ၃၆၃ ဦးကို အကူအညီပေးသွားမယ်လို့ လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။ အဆိုပါအခမ်းအနား တက်ရောက်လာသူတွေကို မိုင်းအန္တရာယ်ကင်းရှင်းရေး ပြခန်း၊ မိုင်းရှင်းလင်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသပြီး အခမ်းအနားကို UNICEF ရဲ့ ပံ့ပိုးကူညီမှုနဲ့ DCA၊ The Halo Trust ၊ MAG ၊ NPA ၊ Hi အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024