ရွေးကောက်ပွဲကုန်ကျစရိတ်တင်ရန် ပျက်ကွက်သူကို အရည်အချင်းပျက်သူအဖြစ် ကြေညာမည်

ပြီးခဲ့တဲ့  ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တစ်လအတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး နှိုးဆော်လိုက်ပါတယ်။ ကိုယ်စားလှယ်အမည်စာရင်း ကြေညာတဲ့ ရက်ကစလို့ တလအတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရမှာဖြစ်ပြီး ပျက်ကွက်ရင် ရွေးကောက်ပွဲနည်းဥပဒေအရ ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ် ကြေညာခံရမှာ ဖြစ်ပါတယ်။ ဧပြီ ၁ရက်ကြားဖြတ်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်းပေါင်း ၉၄ ဦးဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၁၉ ဦးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

More News
Up