သာကေတ ၁၀ တောင်ရပ်ကွက် မီးလောင်
DVB
·
April 4, 2017
ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၀ တောင်ရပ်ကွက်၊ သာလာဝတီ ၈ လမ်မှာ ဒီကနေ့ မနက် ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တချို့ မီးထဲ ပါသွားပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level 2 အဆင့် ယာဉ်အုပ်စုတွေ စေလွှတ် မီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၇ နာရီ ၅၀မှာ မီးထိန်းနိုင်ပြီး ၇ နာရီ ၅၃ မိနစ်အချိန်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့