ရေကူးဝတ်စုံဝတ်ပြီး စကိတ်စီးခဲ့သည့် လူအများဆုံးအဖြစ် ကမ္ဘာ့မှတ်တမ်းဝင် (ရုပ်သံ)

ရုရှားနိုင်ငံတောင်ပိုင်းက ဆိုချီမြို့မှာ ဧပြီ ၁ ရက်နေ့က လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး ၁၂၀၀ လောက် ရေကူးဝတ်စုံတွေဝတ်ပြီး စကိတ်စီးခဲ့ကြတာ အခုနှစ်လည်း လူအများဆုံးအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။ ဆိုချီမြို့ဟာ ရုရှားနိုင်ငံရဲ့ ဆောင်းရာသီ အပန်းဖြေစခန်းမြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အခုလိုပွဲတော်မှာတော့ ပါဝင်သူ ၁၀၀၈ ယောက်ရှိခဲ့ပြီး အဲဒီတုန်းကလည်း ရေကူးဝတ်စုံနဲ့ ပါဝင် စကိတ်စီးသူ အများဆုံးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့တာပါ။ ဆင်ခြေလျှောတလျှောက် စကိတ်စီးရင်း ဆဲလ်ဖီ (Selfie) ရိုက်သူတွေ၊ နေပူဆာလှုံသူတွေနဲ့ စည်ကားခဲ့တာပါ။ ပါဝင်စကိတ်စီးသူ မိန်းကလေးတယောက်ကတော့ ရာသီဥတုကောင်းတဲ့အတွက် ခပ်နွေးနွေးတော့ ခံစားရပြီး တအားကို ပျော်ပါတယ်လို့ ပြောပါတယ်။ အခုနှစ်စံချိန်သစ်ကို မှတ်တမ်းတင်ဖို့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဌာနချုပ်ကို တောင်းဆိုထားတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up