မြောက်ကိုရီးယား စစ်ရေးစွမ်းရည်ပြိုင်ပွဲကို ကင်ဂျုံအန်း ကြည့်ရှုအားပေး

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားကြည်းတပ်၊ တင့်ကားစစ်ရေးစွမ်းရည်ပြိုင်ပွဲကို ခေါင်းဆောင် ကင်ဂျုံအန်း သွားရောက်ကြည့်ရှုအားပေးတဲ့ ဓာတ်ပုံတွေကို အစိုးရပိုင် ကေအာတီရုပ်သံမှာ ဧပြီ ၁ ရက်က ပြသခဲ့ပါတယ်။ တင့်ကားတွေ အဟန့်အတားတွေကို ဖြတ်သန်းကျော်လွှားကြပုံတွေ၊ ပစ်မှတ်တွေကို တိတိကျကျ ထိမှန်အောင် ပစ်ခတ်တဲ့ပုံတွေကို ပြသခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်းနဲ့အတူ မြောက်ကိုရီးယားစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေလည်း လိုက်ပါကြည့်ရှုခဲ့ကြတယ်လို့ ကေအာတီရုပ်သံက ပြောပါတယ်။ ဒီတင့်ကားစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့တဲ့ အချိန်နဲ့ နေရာတွေကိုတော့ ကေအာတီရုပ်သံက ဖော်ပြခြင်းမရှိပါဘူး။ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယားဒုံးကျည် အစီအစဉ်တွေ၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုနဲ့ မြောက်ကိုရီးယားနိုင်ငံသား ၁၁ ဦးနဲ့ ကုမ္ပဏီတခုကို အမေရိကန်ပြည်ထောင်စုက မတ်လ ၃၁ ရက်နေ့မှာ ထပ်ပြီး ပိတ်ပင်လိုက်တာပါ။ အဲဒီ မတ်လ ၃၁ ရက်နေ့မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ် မတ်တင်စ် (Jim Mattis) နဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယားနိုင်ငံဟာ ပရမ်းပတာ လုပ်ဆောင်နေတယ်၊ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ရပ်ကို ရပ်ဆိုင်းရမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up