မကွေးမြို့တွင် ကေတီဗွီ မီးလောင်၊ လူ ၁၅ ဦး သေဆုံး (ရုပ်သံ)
ဇော်ဖေ
·
April 3, 2017
မကွေးမြို့၊ မြင်သာရပ်ကွက်၊ သစ္စာလမ်းနဲ့ မြင်သာ ၂၉ လမ်းမှာရှိတဲ့ ရွှေမြတ်မင်းသမီး အအေးခန်း စားသောက်ဆိုင် (KTV) မှာ ဧပြီ ၂ ရက် ည ၁၀နာရီလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁၅ ဦးသေဆုံးသွားပါတယ်။
အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးသွားတာဖြစ်ပြီး အမျိုးသမီး ၁ ဦးကတော့ မီးလောင်ဒဏ်ရာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
စားသောက်ဆိုင်က ဂက်စ်အိုး ပေါက်ကွဲရာကနေ မီးစတင်လောင်ကျွမ်းတာလို့ ပြောဆိုနေကြပေမယ့် အနီးအနားမှာ နေထိုင်သူတွေကတော့ တစုံတရာ ပေါက်ကွဲသံ မကြားရဘူးလို့ ပြောပါတယ်။
မီးလောင်မှုကို မကွေးမြို့ မီးသတ်ဌာန၊ မင်းဘူးမြို့မီးသတ်ဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် ရွှေမြတ်မင်းသမီး အအေးခန်း စားသောက်ဆိုင် (KTV) အပ်ါထပ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်း ၅၀ ကျော်လောက်ရှိမယ်လို့ မကွေးတိုင်းမီးသတ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရွှေမြတ်မင်းသမီး အအေးခန်း စားသောက်ဆိုင် (KTV) ငှားရမ်းလုပ်ကိုင်နေသူ ပိုင်ရှင် ဦးရဲညွန့် ဆိုသူကတော့ ထွက်ပြေးတိမ်းရှောင်နေပြီး မကွေးမြို့မစခန်းက အမှုဖွင့်ထားပါတယ်။
ဓာတ်ပုံ - ခင်ဆွေ(မော်လူး)