Home
မြန်မာသတင်း
ပြင်သစ် ကာနီဗလ်ပွဲတော် မီးပုံပွဲ မီးရှို့ရာမှာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ် (ရုပ်သံ)
DVB
·
April 2, 2017
ပြင်သစ်နိုင်ငံမြောက်ပိုင်းက Villepinte မြို့မှာ ဧပြီ ၁ ရက်နေ့က ကာနီဗလ်ပွဲတော် မီးပုံပွဲအတွက် မီးရှို့လိုက်တာမှာ ပေါက်ကွဲမှုဖြစ်သွားပြီ လူအနည်းဆုံး ၁၈  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ကာနီဗလ်ပွဲတော်အပြီး မီးပုံပွဲအတွက် မီးရှို့လိုက်တာမှာ အပြင်းအထန်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနားက မိခင်တဦးနဲ့ သူ့ရဲ့ကလေးတဦးတို့ အပြင်းအထန် ဒဏ်ရာရခဲ့ကြပြီး မြို့ဝန်ကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းစာက ဆိုပါတယ်။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပေမယ့် ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်း အတိအကျမသိရသေးဘူးလို့ အေအက်ဖ်ပီသတင်းက ဆိုပါတယ်။ မီးပုံကို စရှို့ဖို့ ဓာတ်ဆီကို အသုံးပြုခဲ့ပြီး  အဲ့ဒီဓါတ်ဆီကြောင့်ပဲ ပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တခုက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024