Home
မြန်မာသတင်း
ဖဒိုမြို့တွင် ယာဉ်တိုက်မှုဖြစ်၊ ၂ ဦး သေဆုံး
DVB
·
April 2, 2017
ပဲခူးတိုင်းဒေသကြီး ကျောက်တခါးမြို့နယ်၊ ဖဒိုမြို့ မှန်ကျောင်းရွာလမ်းဆုံ ရန်ကုန်- မန္တလေးလမ်းမဟောင်း မိုင်တိုင်အမှတ် ၇၁ မိုင် ၁ ဖာလုံနဲ့ ၂ ဖာလုံအကြားမှာ မော်တော်ဆိုင်ကယ်နဲ့ ကား တိုက်မှုဖြစ်ပွားလို့ ၂ ဦး သေဆုံသွားပါတယ်။ မျိုးလွင်ဦးနဲ့ စောမုန်း တို့နှစ်ဦးအား တင်ဆောင်လာတဲ့ ထွန်းနိုင် မောင်းလာတဲ့ဆိုင်ကယ်ဟာ ဖဒိုမြို့ဘက်ကနေ မြို့ချောင်းဘက် ဦးတည်မောင်းနှင်လာစဉ် လိုက်ထရပ်ယာဉ်အား ကျော်တက်ရာမှ မျက်နှာချင်းဆိုင်ကနေ ယာဉ်မောင်း လှိုင်မင်းထွန်း မောင်းလာတဲ့ ဖောကားနဲ့ တိုက်မိပြီး ဆိုင်ကယ်ဟာ လမ်းမဘေးတိမ်းမှောက်သွားခဲ့ပါတယ်။ “ထွန်းနိုင်ရယ်၊ မျိုးလွင်ဦးရယ်၊ စောမုန်း (ခ) စောတာတူးရယ် သူတို့ သုံးယောက်က ဆိုင်ကယ်တစ်စီးနဲ့ မြို့ချောင်းဘက်ကိုသွားတယ်။ ဒီမှန်ကျောင်းလမ်းဆုံရောက်တဲ့အခါကြတော့ သူတို့ရှေ့မှာ လိုက်ထွက်ကားတစ်စီးရှိတာကို ကျော်တက်လိုက်တော့ မြို့ချောင်းဘက်က ဖဒိုဘက် မောင်းနှင်လာတဲ့ ဖောကားအပြာရောင်ရဲ့လမ်းကြောင်းဘက်ကိုရောက်ပြီးမှ အချိန်မထိန်းနိုင်ဘဲဖောကားအပြာရောင်ရဲ့ဝဲဘက်ထိပ်ကို သွားဝင်တိုက်မိတာပေါ့။ အဲဒီနားမှာပဲ စောတာတူးတစ်ယောက်ပဲ ရှင်တာပေါ့၊ ကျန်နှစ်ယောက်က အဲဒီနားမှာပဲ သေသွားတယ်" လို့ ဖဒိုနယ်မြေရဲတပ်ဖွဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်မတောတဆမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ထွန်းနိုင်နဲ့ မျိုးလွင်ဦးတို့နှစ်ဦးဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဦးစောမုန်းကတော့ ဝဲမျက်ခုံး၊ ယာပေါင်၊ ခြေသလုံးတို့မှာ ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာတွေ ရရှိသွားလို့ မြို့ချောင်းတိုက် နယ်ဆေးရုံမှာ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်ဆေးကုသမှု ခံနေရရတယ်လို့ ဆိုပါတယ်။ အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆိုင်ကယ်အား လူအသက်သေဆုံးတဲ့အထိ မဆင်မခြင်မောင်းနှင်တဲ့ ထွန်းနိုင်အား ဖဒိုနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၉/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၄- က၊၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။ သတင်း ကျော်အောင် ( ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024