Home
သုံးသပျခကျြ
ရန်ကုန်မြို့မှာ ဒီမိုကရေစီ ရသွားတဲ့ ခဏတာ
DVB
·
January 12, 2012
ပြီးခဲ့တဲ့ အပတ်က ရန်ကုန်မှာ နိုင်ငံခြားသား ဧည့်သည်တွေရော မြန်မာနိုင်ငံသားတွေပါ အံ့သြသွားစေလောက်တဲ့ အဖြစ်အပျက် တခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လွတ်လပ်ခြင်းအနုပညာ ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကို ပြည်လမ်းတော်ဝင်စင်တာမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အားလုံးကို အံ့အားသင့်စေခဲ့တယ် ဆိုတာကတော့ တကယ့်ကို နိုင်ငံမှာ ဒီမိုကရေစီ ရနေတဲ့အလား လွတ်လွတ်လပ်လပ် ကျင်းပနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို ကျင်းပနိုင်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စ တခုတော့ မဟုတ်ပါဘူး။ ကာယကံရှင်တွေ ကြိုးစားအားထုတ်မှုကြောင့်သာ ခုလို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုတပါတ် ဒီအကြောင်း ဆွေးနွေးတင်ပြ သွားပါမယ်။ ဒီ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တခု ဖြစ်မြောက်ဖို့ စိတ်ကူးခဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူးကို အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ကိုသူရ ခေါ် လူရွှင်တော် ဇာဂနာကို ထုတ်ဖော် တိုင်ပင်ပါတယ်။ ကိုသူရက ဒီတာဝန် သူထမ်းဆောင်ပါ့မယ် ဆိုပြီး အကောင်အထည် ဖော်ပါတယ်။ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်ကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးပါ။ သူတို့ နှစ်ယောက် တိုင်ပင်ပြီးတာနဲ့ အချိန်မဆိုင်းဘဲ သတင်းစာရှင်းလင်းပွဲ လုပ်၊ ရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်မယ့် ဇာတ်ကားတွေ ပေးပို့ဖို့ ဖိတ်ခေါ်ပါတယ်။ အားလုံးအနေနဲ့ အချိန်က သိပ်မရကြပါဘူး။ ရုပ်ရှင် ဇတ်လမ်းတိုတွေ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးမယ့်သူတွေအတွက် ရက်ပေါင်း ၅၀၊ ရုပ်ရှင်ကို အကဲဖြတ် ရွေးချယ် ဆုပေးမယ့် အဖွဲ့တွေအတွက် စုစုပေါင်းအချိန်က ၁၀ ရက်၊ ဆုပေးပွဲ ကျင်းပမယ့်နေ့က ၂၀၁၂ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးကျင်းပမယ့် ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ဇာတ်ကားတွေ ဖိတ်ခေါ်ခဲ့သည့်တိုင် အားလုံးကတော့ မယုံရဲရဲပါပဲ။ အစိုးရ ဆင်ဆာအဖွဲ့ကြီးစိုးတဲ့ ဒီနိုင်ငံမှာ ဒီလို ရုပ်ရှင်ပွဲတော် တစ်ခု ဘယ်လိုများ လွတ်လွတ်လပ်လပ် လုပ်နိုင်မှာလဲပေါ့။ [caption id="attachment_19897" align="alignleft" width="300" caption="လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်"][/caption] အဲလို တွေးမယ်ဆိုရင်လည်း တွေးထင်စရာပါ။ အကြောင်းကတော့ နှစ်စဉ်ကျင်းပနေကျ ဥရောပ ရုပ်ရှင်ပွဲတော်မှာတောင် သက်ဆိုင်ရာ ပွဲကျင်းပတဲ့ သံရုံးတွေဟာ စိတ်ကြိုက်ဇာတ်ကားတွေ ပြသခွင့်ရတာ မဟုတ်ပါဘူး။ ဆင်ဆာအဖွဲ့ကို ကြိုတင်ပြသရပြီး သူတို့ မကြိုက်တဲ့ကားတွေဆို ပယ်ပေးရတဲ့ အစဉ်အလာက ရှိနေခဲ့လို့ ဖြစ်ပါတယ်။ တကယ်လက်တွေ့ ဒီပွဲတော်အတွက် အကောင်အထည်ဖော်ရာမှာလည်း အဲဒီအတိုင်း ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်လုပ်ငန်းအဖွဲ့က ကိုသူရကို ခေါ်တွေ့ပါတယ်။ နောက် ဆင်ဆာအဖွဲ့ မူဝါဒနဲ့အညီ ဒီရုပ်ရှင်ပွဲတော်ကို ကျင်းပမယ့်အကြောင်း သူတို့ဘာသာ သူတို့ တဖက်သတ် သတင်းထုတ်ပြန်ပါတယ်။ ကိုသူရတို့ဖက်ကတော့ ဘာတခုမှ မတုံ့ပြန်ပါဘူး။ နောက်ပိုင်း ပြိုင်ပွဲဝင်မယ့် ဇတ်ကားတွေ လက်ခံရရှိတာကတော့ အံ့သြစရာ ကောင်းပါတယ်။ စုစုပေါင်း ၁၈၈ ကားပါ။ ဒါတောင် နိုင်ငံခြားကသူတွေက အင်တာနက်ကနေ တဆင့်ပေးပို့တာကို မြန်မာနိုင်ငံထဲက အင်တာနက်လိုင်း အခြေအနေကြောင့် ဒေါင်းလုပ် မလုပ်နိုင်ပါဘူး။ နောက် စာတိုက်ကနေ ပေးပို့တာတွေကိုလည်း ဆင်ဆာက သိမ်းဆည်းသွားပြီး သူတို့ စိစစ်ဖြတ်တောက်ပြီးမှသာ ပေးမယ်ဆိုတာကြောင့် အဲဒါတွေကိုလည်း အသုံးမပြုနိုင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် မထင်မှတ်လောက်အောင် များပြားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ လက်ခံရရှိခဲ့ပါတယ်။ ဒီ ရုပ်ရှင်ဇတ်ကားတွေ လက်ခံရရှိပြီး အများပြည်သူကို ရုံတင်ပြသဖို့ နီးလာလေလေ ဆင်ဆာအဖွဲ့က ကိုသူရနဲ့ မင်းထင်ကိုကိုကြီးကို ခေါ်လေလေ ဖြစ်လာပါတယ်။ သူတို့ စိစစ်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လာပြလို့ရပါပြီ။ ဒါပေမယ့် ဒါကို ကိုသူရရော မင်းထင်ကိုကိုကြီး နှစ်ယောက်လုံးက လျစ်လျူရှုထားလိုက်ကြပါတယ်။ ဒီအတွက် ဆင်ဆာအဖွဲ့ ဘာမှ မတတ်နိုင်ပါဘူး။ အစိုးရထိပ်ပိုင်း အာဏာရှိသူတွေ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကိုင်ခွင့်ပြုထားတဲ့ အတွက်လည်း ဘာ ဖိအားမှ မပေးနိုင်ပါဘူး။ ဒီလိုနဲ့ ဖွင့်ပွဲည ရောက်လာပါတယ်။ ဖွင့်ပွဲညမှာ စပြီး မြင်တွေ့လိုက်ကြရတာကတော့ သီဆိုတီးမှုတ်ကြသူတွေ လွတ်လွတ်လပ်လပ် ဖျော်ဖြေကြခြင်းပါ။ အရင် ဘယ်နေရာမှာမှ ဆိုခွင့် တီးခွင့်မရတဲ့ သီချင်းတွေကို ရန်ကုန်မြို့က အကြီးဆုံး တော်ဝင် ဈေးဝယ်စင်တာ ဟောခန်းကြီးမှာ လွတ်လွတ်လပ်လပ် ခံစားချက်အပြည့်နဲ့ သီဆိုဖျော်ဖြေ ကြပါတယ်။ ဒါက အစပဲ ရှိပါသေးတယ်။ နောက်တနေ့ ရုပ်ရှင်ရုံငယ် ၃ရုံမှာ ဇတ်ကားတွေ စပြပြန်တော့လည်း အံ့သြကြရပြန်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင် ဘယ်နေရာမှာမှ ခွင့်ပြုမှာ မဟုတ်တဲ့ ဇာတ်ကားမျိုးတွေကို ပြသနိုင်ပါတယ်။ လာရောက်ကြည့်ရှုသူ ပရိတ်သတ်တွေကလည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေနဲ့ ခြားနားစွာ ၃ရုံစလုံး တနေ့ ၅ ပွဲ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲကို ပေးပို့လာတဲ့ ၁၈၈ ကားအနက်က လက်ရွေးစင် ၅၄ ကားကို ရုံတင်ပြသပေးခဲ့ပါတယ်။ အဲဒီကားတွေထဲမှာ ဃူငခု ငည္ဗနမေ လို ၂၀၀၇ သံဃာ့အရေးအခင်း နောက်ခံ မှတ်တမ်းရုပ်ရှင်လည်း ပါဝင်ပြီး ကြည့်ရှုသူတချို့ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြပါတယ်။ အထူးအံ့သြကြသူတွေကတော့ ပွဲတော်လာ နိုင်ငံခြားသားတွေနဲ့ သတင်းထောက်တွေပါ။ မြန်မာနိုင်ငံမှာ ဒီလို ဇာတ်ကားမျိုးတွေ ပြသခွင့်ရနေသလား ဆိုတဲ့ မျက်နှာမျိုးတွေနဲ့ ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဆုပေးပွဲနေ့ ရောက်ရှိလာပြီး ပိုပြီးပြောစမှတ် ဖြစ်ခဲ့ပါတယ်။ ဆုပေးပွဲအတွက် တက်ရောက်လာတဲ့ ပရိတ်သတ်နဲ့ သတင်းထောက်တွေဟာ ထောင်နဲ့ချီ ရှိပြီး တော်ဝင်စင်တာ ၇ ထပ်က အလွန်ကျယ်ဝန်းတဲ့ ခန်းမ မဆန့်တော့လို့ အဲဒီအထက်ထပ်ကိုတက်တဲ့ ဓာတ်လှေခါးကိုတောင် ပိတ်လိုက်ရတဲ့ အနေအထား ရောက်သွားပါတယ်။ အပေါ်ထပ်ဝင်ခွင့် ပိတ်လိုက်ရတဲ့အတွက်လည်း ဒီအခမ်းအနားကို တော်ဝင်စင်တာရှေ့ ပြည်လမ်းဘေးက ကြီးမားတဲ့ အယ်လ်အီးဒီ စခရင်ကြီးမှာ အများပြည်သူကို ပြသပေးလိုက်ရပါတယ်။ အဲဒီ စခရင်ကြီးရှေ့မှာ ပြည်သူ ထောင်နဲ့ချီပြီး ကြည့်ရှုအားပေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးချိန် လက်ခုပ်တွေ တီး အားပေးတာ၊ သံဃာတော်တွေ နောက်ခံ ရိုက်ကူးထားတဲ့ ဓာတ်ပုံသတင်းထောက် လောအယ်စိုးအကြောင်း ရုပ်ရှင်ပြတဲ့အခါ ၀မ်းနည်းဖြေမဆည်နိုင် ဖြစ်ကြတာ၊ သံဃာတော်တွေပါတဲ့အခန်းမှာ ထိုင်ပြီး လက်အုပ်ချီရှိခိုးကြတာ၊ အစိုးရ ဆင်ဆာအဖွဲ့ကို ဝေဖန်ထားတဲ့ အဲဒီအခန်းဖြတ် ရုပ်ရှင်ပြတဲ့အခါ လက်ခုတ်တဖြောင်းဖြောင်းတီးကြတာ ပြည်လမ်းပေါ်မှာ ဒီမိုကရေစီရနေသလိုလို ၂၀၀၇ ခုနှစ်ကို သတိရစေသလိုလို ဖြစ်စေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို မြန်မာပြည်မှာ အကြီးကျယ် အခမ်းနားဆုံး ရုပ်ရှင်ပွဲတော်ကြီးတခုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု၊ ဇာဂနာနဲ့ မင်းထင်ကိုကိုကြီးတို့လို ရဲဝံ့သတ္တိရှိသူတွေရဲ့ အကောင်အထည်ဖော်မှုတွေကြောင့် အောင်မြင်အောင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူတွေဟာ ဇာဂနာတို့ မင်းထင်ကိုကိုကြီးတို့လို အရည်အသွေးရှိရှိ ပါးပါးနပ်နပ် သတ္တိရှိရှိ ဖြတ်သန်းခဲ့ကြရင်ဖြင့် ဒီမိုကရေစီပန်းတိုင်ကို မလွဲမသွေ ရောက်ကြရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024