Home
မြန်မာသတင်း
ရှမ်း​မြောက်​ ​ရေပူစစ်​​ဆေး​ရေးစခန်းတွင်​ ဘိန်းဖြူ များဖမ်းမိ (သတင်းဓာတ်ပုံ)
DVB
·
April 1, 2017
17757289_288565621566239_3709162365190967654_n
17634740_288565534899581_6675791176063937752_n
17630108_288565581566243_5394271880976093642_n
17523197_288565558232912_7416472511213330071_n
ရှမ်းပြည်နယ်မြောက်ပိုင်း  ရေပူစစ်ဆေးရေးစခန်းမှာ ကားဘီးထဲ ၀ှက်သယ်လာတဲ့ ဘိန်းဖြူ  မူးယစ်ဆေးဝါး ၇၄ ခွက် ဖမ်းဆီးရမိခဲ့တယ်လို့ ရေပူစစ်ဆေးရေးစခန်း မူးယစ်အထူးရဲအုပ် ဦးစိုင်းရန်လင်းက ပြောပါတယ်။ "ဖမ်းမိတာက မနက် ၁၁ နာရီ ဝန်းကျင်မှာ ဖမ်းမိတာပါ။ အဲဖမ်းမိတဲ့လူကတော့ မူဆယ်ကနေ ဆင်းလာတာ။ ဒီစစ်ဆေးရေး ဂိတ်ရောက်လာတော့ အားလုံးဝိုင်းစစ်ဆေးတယ်။ အဲဒီမှာ သူရဲ့ကားဘိန်းတွေထဲက ဘိန်းဖြူတွေပါလာတယ်။ မိတာက ၇၄ ခွက်ပါ။" မူးယစ်ဆေးတွေ သယ်ဆောင်လာသူနဲ့ မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ပမာဏ ဘယ်လောက်ရှိလဲ ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ နိုင်နိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024