A d v e r t i s e m e n t With Us

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​အတွက် ညှိနှိုင်း​ရန် အီတာလီလျံထိုင်း​ မြန်မာပြည် သွား

ရင်းြမစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ေဆာက်မည့် ထား၀ယ်ေရနက် ဆိပ်ကမ်းနှင့် အထူးစီးပွားေရးဇုန် စီမံကိန်းဒီဇိုင်းပံုစံ
ထား​ဝယ်​ရေနက်ဆိပ်ကမ်း​မှာ အီတာလျံထိုင်း​ ကုမ္ပဏီရဲ့​ ၄၀၀၀ မဂ္ဂါဝပ် ​ကျောက်မီး​သွေး​ အပူဓာတ်အား​သုံး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ စီမံကိန်း​ကို မြန်မာအစိုး​ရက ရပ်ဆိုင်း​တဲ့​အ​ပေါ် အီတာလျံထိုင်း​ ကုမ္ပဏီက ညှိနှိုင်း​ဖို့​ မြန်မာပြည်ကို ​ရောက်ရှိ​နေပါတယ်။ [caption id="attachment_17737" align="alignright" width="300" caption="ရင်းမြစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ"][/caption] ထိုင်း​နိုင်ငံ အီတာလျံထိုင်း​ ကုမ္ပဏီရုံး​ကို ​မေး​မြန်း​ရာမှာ အုပ်ချုပ်​ရေး​ဒါရိုက်တာ မစ္စတာ စုံကျက် မြန်မာပြည်ကို တာဝန်ရှိသူနဲ့​ ညှိနှိုင်း​ဖို့​ ဒီက​နေ့​ သွား​ရောက်​နေတဲ့​အတွက် အ​သေး​စိတ် မ​ပြောနိုင်ဘဲ တနင်္ဂ​နွေ​နေ့​ ပြန်​ရောက်မှသာ သိနိုင်မယ်လို့​ ကုမ္ပဏီ ဆက်သွယ်​ရေး​အရာရှိ တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။ မြန်မာအစိုး​ရရဲ့​ ဒီ​ကြေညာချက်ဟာ ​လောင်စာရဖို့​ ညှိနှိုင်း​ကြရဖို့​ ရှိတယ်လို့​သာ အဓိပ္ပာယ်ရတယ်လို့​ မစ္စတာစုံကျက်က မြန်မာပြည်မသွား​ခင်မှာ မီဒီယာ​တွေကို ​ပြောသွား​ပါတယ်။ တကယ်လို့​ ​ကျောက်မီး​သွေး​ကို သုံး​ခွင့်​မရ​တော့​ဘူး​ဆိုရင် စက်မှုဇုန်အတွက် မရှိမဖြစ် လိုအပ်​နေတဲ့​ လျှပ်စစ်ဓာတ်အား​ ထုတ်လုပ်​ရေး​အတွက် အိန္ဒိယသမုဒ္ဒရာထဲက သဘာဝဓာတ်​ငွေ့​ကို အစား​ထိုး​အသုံး​ချဖို့​ စဉ်း​စား​ထား​တယ်လို့​ အီတာလျံထိုင်း​ ထား​ဝယ်စီမံကိန်း​ အုပ်ချုပ်​ရေး​ဒါရိုက်တာ မစ္စတာစုံကျက် သိနဖုန်း​က မီဒီယာ​တွေကို ​ပြောပါတယ်။ သဘာဝဓာတ်​ငွေ့​ကို သုံး​ရင် ​ကျောက်မီး​သွေး​ သုံး​တာထက် အရင်း​အနှီး​ ပိုမြင့်​မှာ ဖြစ်တဲ့​အတွက် ထွက်လာတဲ့​ လျှပ်စစ်ဓါတ်အား​ဈေး​နှုန်း​လည်း​ မြင့်​လာနိုင်တယ်လို့​ သူက ဆိုထား​ပါတယ်။ ပြီး​ခဲ့​တဲ့​ တနင်္လာ​နေ့​က ရန်ကုန်မြို့​ သတင်း​စာရှင်း​လင်း​ပွဲတခုမှာ နယ်စပ်ဖွံ့​ဖြိုး​ရေး​ ပြည်​ထောင်စုဝန်ကြီး​ ဦး​ခင်​မောင်စိုး​က အီတာလျံထိုင်း​ကုမ္ပဏီရဲ့​ ၄၀၀၀ မဂ္ဂါဝပ် ​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ထုတ်လုပ်​ရေး​ စီမံကိန်း​ကို ရပ်ဆိုင်း​မယ်လို့​ကြေညာခဲ့​တာပါ။ လွန်ခဲ့​တဲ့​အပတ်က သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​တဲ့​ အဖွဲ့​တွေက ထား​ဝယ်​ရေနက်ဆိပ်ကမ်း​မှာ ဆန္ဒပြခဲ့​ကြအပြီး​မှာ ဒီထုတ်ပြန်ချက် ထွက်​ပေါ်လာခဲ့​တာပါ။ အီတာလျံထိုင်း​ ကုမ္ပဏီဟာ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​ ​ဆောက်လုပ်​ရေး​ ကုမ္ပဏီဖြစ်ပြီး​ ၂၀၁၂ ခုနှစ်အတွင်း​မှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာ သ​င်္ဘောဆိပ်​တွေ အ​ဆောက်အဦ​တွေ ကား​လမ်း​တွေနဲ့​ရထား​ လမ်း​တွေကို တည်​ဆောက်​ရေး​အတွက် အ​မေရိကန်​ဒေါ်လာ​ငွေ ၁၂.၅ ဘီလီယံ ထုတ်​ချေး​ဖို့​ပြီး​ခဲ့​တဲ့​နှစ် ဒီဇင်ဘာက ကြိုတင် ရည်မှန်း​ထား​ခဲ့​ပါတယ်။ ဒီလို​ငွေထုတ်​ချေး​ဖို့​ ရှိ​နေချိန်မှာ သူတို့​ရဲ့​ ​ကျောက်မီး​သွေး​အပူဓာတ်သုံး​ လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်​ရေး​ စီမံကိန်း​ကို မြန်အစိုး​ရက အသိမ​ပေး​ဘဲ ရပ်ဆိုင်း​လိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up